မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးနှင့် ကျောက်ထုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၆-၂-၂၀၁၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးနှင့် ကျောက်ထုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အဖွဲ့သည် ဆောမြို့နယ်၊ ကျောက်ထု-ထီးလင်းကားလမ်း၊ ပန်းဆန်လမ်းဆုံတွင် ယာဉ်အမှတ် (7G/8001) တပ်ဆင်ထားသော အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးတိုင်(၃၄)လုံး၊ (၀.၇၂၂၅)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် ပျဉ်းကတိုးတိုင်၊ ယာဉ်နှင့် တရားခံအား သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)အရ ကျောက်ထုရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပါသည်။