မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်စက်၊ အင်ဂျင်နှင့် သစ်များဖမ်းဆီးရမိခြင်း

၁၁-၂-၂၀၁၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ် ကူကားအုပ်စု မြေနီ(တ)ကျေးရွာ၊ ခန့်မှန်းမြေပုံညွှန်း FV.369635, 370635 နှင့် မြေနီ(တ)ကျေးရွာ အနောက်ဘက် ၁ ဖာ လုံခန့်အကွာ နဂျီပင်ချောင်းအနီး ခန့်မှန်းမြေပုံညွှန်း FV-366637 နေရာများတွင် တရားမဝင် (ကျွန်း/သစ်မာ/အခြား)တိုင်/ခွဲသား (၆၄)လုံး/ချောင်း (၂.၂၄၈၆)တန်နှင့်အတူ တရုတ်အင်ဂျင်(၃၂)H.P(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံး၊ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ် ဆက်စပ်ပစ္စည်းများနှင့် တရားခံအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။