မွန်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်းဆက်စပ်ဌာနများပူးပေါင်း၍ တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်း

မွန်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂၄-၂-၂၀၁၇ ရက်မှ ၂၆-၂- ၂၀၁၇ ရက်အတွင်း ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ မုဒုံမြို့နယ်များတွင် တရားမဝင်သစ်(၁၈၃)တန်ခန့်နှင့် မော်တော်ယာဉ်(၇)စီး၊ တရားခံ(၁၀)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ ဖမ်းဆီးရမိမှုများအနက် ၂၄-၂-၂၀၁၇ ရက်နေ့တွင် မော်လမြိုင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများသည် မော်လမြိုင်မြို့နယ် မော်လမြိုင်-မုဒုံကားလမ်း၊ သာယာကုန်းတိုးလ်ဂိတ်အနီး မိုင်တိုင် ၁၀/၅ တွင် ယာဉ်အမှတ် 9M/2569 တပ်ဆင်ထားသော FUSO အမျိုးအစား အဖြူရောင်(၁၂)ဘီးယာဉ်(၁)စီး၊ ယာဉ်အမှတ်(7K/6092)တပ်ဆင်ထားသော FUSO အမျိုးအစား၊ အပြာရောင်(၁၂)ဘီးယာဉ်(၁)စီးနှင့် ယာဉ်အမှတ် 9M/2531 တပ်ဆင်ထားသော နီဆန်းအမျိုးအစား အပြာရောင်(၁၂)ဘီးယာဉ်(၁)စီး၊ စုစုပေါင်းယာဉ်(၃)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၁၂၉)ချောင်း၊ (၂၂.၆၇၃၄) တန် နှင့် တရားခံ(၅)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ ယာဉ် နှင့်တရားခံများအား သစ်တောဥပဒေ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။ ဖမ်းဆီးရမိပြီး တရားမဝင်သစ်များအား ဆက်လက်စိစစ်တိုင်းတာဆဲဖြစ်၍ ဆက်လက် ဖော်ပြမည်ဖြစ်ပါမည်။