စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင် လ.၀.က မှ ဝန်ထမ်းများနှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၅-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင် လ.၀.က မှ ဝန်ထမ်းများနှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ စန္ဒယားကျေးရွာအုပ်စု၊ ကင်းတပ်ရေးလွှဲဆည်သွားလမ်းခွဲမြောက်ဘက်တွင် သုံးဘီးဆိုင်ကယ်(ယာဉ်အမှတ်မပါ)၊ အနီရောင်(၁)စီးနှင့် ယာဉ်အမှတ် MDY-5J/1211 တပ်ဆင်ထားသော ဒေါင်ဖန်းအမျိုးအစား အနီရောင်ယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၂) စီးပေါ်မှ တရားမဝင် အခြားခွဲသား(၁၂၀)ချောင်း၊ (၁.၄၉၆၄)တန်နှင့်အတူ တရားခံ(၂) ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်ထားရှိပါသည်။