သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (NDRC) တို့ ပူးပေါင်းမှုအစီအစဉ်အရ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကူအညီအနေဖြင့် စွမ်းအားမြှင့်မီးဖိုနှင့်အိမ်သုံးဆိုလာပစ္စည်းများလွှဲပြောင်းပေးအပ်သည့်အခမ်းအနား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) တို့ ပူးပေါင်းမှု အစီအစဉ်အရ မြန်မာနိုင်ငံသို့ ရာသီဥတုပြောင်းလဲ မှုလျှော့ချရေးဆိုင်ရာ အကူအညီအနေဖြင့် ထောက်ပံ့သည့် စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံး ဆိုလာပစ္စည်းများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို (၁-၃-၂၀၁၇) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်လိုသည့် ရည်ရွယ်ချက်များဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ဇီဝလောင်စာသုံး စွမ်းအားမြှင့်မီးဖို စုစုပေါင်း ၁၀၅၀၀ လုံးနှင့် အိမ်သုံးဆိုလာ ပြား ၅၂၅၀ စုံကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသရှိ ကျေးလက်ပြည်သူများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများမှာ ကိုယ်တိုင်ကိုယ်ကျ အောင်မြင်စွာ ဆောင်ရွက်နေသော ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အသုံးပြုသူအဖွဲ့ဝင်များ၊ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် သဘာဝဘေးဒဏ်သင့် ကျေးရွာများကို ဖြန့်ဝေသွားမည်ဖြစ် ပါသည်။ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးကိုယ်စားလှယ် H.E Xie Zhenhua နှင့် အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်အရာရှိကြီးများ GACC နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၊ ဧည့်သည်တော်များ (၁၈၅)ဦး တက်ရောက်ကြပြီး၊ (၁၀:၃၀) နာရီ တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် သန့်ရှင်းထိရောက်သော ချက်ပြုတ်မှုများဆိုင်ရာ ဆက်စပ်ပတ်သက်သူများ စားပွဲဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပခဲ့ပါသည်။