ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၇-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ပဲခူးမြို့နယ် သံစို့ပင်သစ်တောစခန်းအနီးတွင် ယာဉ်အမှတ် BGO-L/8972 နှင့် ၈က/၇၄၇၃ တပ်ဆင်ထားသော NISSAN အမျိုးအစား၊ (၆)ဘီး ယာဉ်(၂)စီးမှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၀၇)ချောင်း၊ (၂.၅၀၃၆)တန်၊ လင်ထင်း (၁၁.၁၆၇၂)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။