မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် အသိသက်သေများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်နှင့် မီးသွေးများဖမ်းဆီးရမိခြင်း

၂၈-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် အသိသက် သေများပါဝင်သောအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီးတွင် ယာဉ်အမှတ်(8K/9265) တပ်ဆင်ထားသော Light Truck အမျိုးအစား အဖြူရောင်ယာဉ် ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၇၀)ချောင်း၊ (၀.၅၀၆၄)တန်နှင့် (၄၅)ပေါင်ဝင် မီးသွေး(၁၈)အိတ်၊ (၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် မီးသွေး၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။