မွန်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း

မွန်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂၄-၂-၂၀၁၇ ရက်မှ ၂၆-၂- ၂၀၁၇ ရက်အတွင်း ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ မုဒုံမြို့နယ်များတွင် တရားမဝင်သစ်(၁၈၃)တန်ခန့်နှင့် မော်တော်ယာဉ်(၇)စီး၊ တရားခံ(၁၀)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ ဖမ်းဆီးရမိမှုများအနက် ၂၅-၂-၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ပေါင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါင်မြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမိုင်တိုင် ၁၈၂/၀ မှ ၁၈၀/၀ ကျခေတ်ငူကျေးရွာနှင့် မိုင်တိုင် ၁၇၅/၅ ဘန့်ဘွေး ရွာနေရာများတွင် ယာဉ်အမှတ်(9B/9593) နှင့် (2M/2974) တပ်ဆင်ထားသော NISSAN အမျိုးအစား(၁၂)ဘီးယာဉ်(၂)စီး၊ ယာဉ်အမှတ် (4F/3020) တပ်ဆင်ထားသော MITSUBISH အမျိုးအစား(၁၂)ဘီးယာဉ်(၁)စီး၊ ယာဉ်အမှတ် 2F/8255 တပ်ဆင်ထားသော HINO အမျိုးအစား(၁၂)ဘီးယာဉ်(၁)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၄)စီး ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၂၁၄)ချောင်း၊ (၂၈.၇၂၂၈)တန်နှင့် တရားခံ(၅)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ မော်တော်ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။