မုတ္တမပင်လယ်ကွေ့ဒေသအခေါ် နွားသေသောင်ပေါက်တွင် တရားမဝင်ပိတောက် ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၇-၃-၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကဝမြို့နယ်၊ အောင်မိတ်သာကျေးရွာမှ မုတ္တမပင်လယ်ကွေ့ဘက်သို့ စက်လှေခရီး၊ ခြေလျင်ခရီးတို့ဖြင့် သွားရောက်၍ မုတ္တမပင်လယ်ကွေ့ဒေသအခေါ်နွားသေသောင်ပေါက်နေရာ၌ တရားမဝင်ပိတောက်ခွဲသား (၁၂၀)ချောင်း (၁၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 29, 2019 - 11:45