ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ “ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် ဟောပြောပွဲ ကျင်းပခြင်း”
၂၂-၁၁-၂၀၂၄ ရက်နေ့၊ မွန်းလွဲ(၁၃:၀၀) နာရီအချိန်၌ ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ နှင်းပုလဲ အ.ထ.က(ခွဲ)ကျောင်းခန်းမအတွင်း " ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် " မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဝန်ထမ်းများစုစုပေါင်း (၁၁၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ဘီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခိုင်မွန်က ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း၊ တက်ရောက်လာသူများကို သစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းခြင်းလုပ်ငန်းများအား နည်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်တက်စေရန် ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။