မွန်ပြည်နယ်၊ သထုံမြို့နယ်၊သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးအစီအစဥ်မြို့နယ်အဆင့်ဟောပြောပွဲ ကျင်းပခြင်း
၂၂-၁၁-၂၀၂၄ ရက်နေ့၊ နေ့လည်(၁:၀၀) နာရီအချိန်၌ သထုံမြို့နယ်၊ပန်းတိမ် ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း တွင် " ရာသီဥတုပြောင်းလဲမှု၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးအစီအစဉ်" မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်း ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြ ပြီး အဆိုပါဟောပြောပွဲတွင်သထုံမြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးစိုးမင်းအောင်မှ လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊တောအုပ်ကြီးဦးဇင်ကိုလတ်မှရာသီဥတု ပြောင်းလဲမှုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မိုးနိုင်မှအဏ္ဏဝါပတ်ဝန်းကျင်နှင့်ကမ်းရိုးတန်းသယံဇာထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။