သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး အမျိုးသားပရဆေးဥယျာဉ်၊ ပျိုးဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများစစ်ဆေးခြင်း၊ သုတေသနစခန်းအမှတ်(၅)မိုးစွေအတွင်း ပျိုးဥယျာဉ်လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် အဆိုပါ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများသည် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အမျိုးသားပရဆေးဥယျာဉ်ဝန်းအတွင်း သစ်တောဦးစီးဌာန အုပ်ချုပ်မှုအောက်ရှိ မြန်မာ့ဆေးဖက်ဝင်အပင်များပျိုးဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ပျိုးဥယျာဉ်အတွင်းပျိုးထောင်ထားရှိသော အပင်မျိုးစိတ်များနှင့် ရှင်းလင်းဆောင်အတွင်း ခင်ကျင်းပြသထားသော မြန်မာ့တိုင်းရင်းဆေးထုတ်ကုန်များ၊ ဆေးဝါးထုတ်လုပ်ရာတွင်ပါဝင်သော ဆေးနမူနာပစ္စည်းများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ဆက်လက်၍ သစ်တောသုတေသနဌာန လက်အောက်ရှိ သုတေသနစခန်းအမှတ်(၅)မိုးစွေတွင် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းဖြင့် ၂၀၁၈ခုနှစ်မှ စတင်၍ ပျိုးထောင်ထားရှိသော အရွယ်စုံပျိုးပင်များ၊ ၂၀၂၂ ခုနှစ်တွင် ပျိုးထောင်ထားသော အထူးပျိုးပင်များ၊ ၂၀၂၄ လူထုဖြန့် လက်ကျန်သစ်မျိုး (၁၂) မျိုးနှင့် ၂၀၂၅ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင် (၃၀၀၀၀) ပင်နှင့် အထူးပျိုးပင် (၁၅၀၀၀) ပင်တို့၏ ပျိုးဥယျာဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သုတေသနစခန်းအမှတ်(၅)မိုးစွေအတွင်းဆောင်းရာသီ တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသစ်တောကျောင်း၊ အမှတ်စဥ် (၁၁၈) မှ သင်တန်းသားများအား "သစ်တောများထာဝစဥ်တည်တံ့ရေးနှင့် သစ်တောဝန်ထမ်းများ၏ အခန်းကဏ္ဍ" ခေါင်းစဥ်ဖြင့်ဟောပြောပို့ချခြင်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းသားများ၏ နေထိုင်ရေး၊ စားသောက်ရေးနှင့် လေ့လာသက်ယူမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။