ထိန်းသိမ်းကာကွယ််ခြင်း

ထို့အပြင် မြန်မာနိုင်ငံသည် ဌာနေအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသော အဓိက ဌာနေအဖွဲ့အစည်းများမှာ (၁) သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး နှင့် ထိန်းသိမ်းရေးအသင်း(FREDA)၊ (၂) ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်း‌ရေး အသင်း (BANCA)၊ (၃) ဂေဟစနစ်နှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (ECODEV)၊ (၄) မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း (MFA) နှင့် မြန်မာသဘာဝ နှင့် ငှက်ဝါသနာ ရှင်များအသင်း (MBNS) တို့ ဖြစ်ကြပါသည်။

 

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ထာဝစဉ်တည်တံ့သော သဘာဝသယံဇာတ အရင်းအမြစ်များအား အသုံးပြုခြင်းနှင့်သက်ဆိုင်သော အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်စာချုပ်များကို လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်ပါသည်။ သဘောတူညီချက်ပါ ကတိကဝတ်အများစုမှာ မြန်မာနိုင်ငံအနေဖြင့် ထိရောက် မှုရှိသော ထိန်းသိမ်းရေးလုပ်ငန်းများကို အပြည့်အဝ အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်လျက်ရှိသော ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း ဆိုင်ရာ အဓိက နိုင်ငံတကာသဘောတူညီချက်၊ ကွန်ဗင်းရှင်း နှင့် အဖွဲ့အစည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Biological Diversity - CBD)။ CBD သည် ၁၉၉၃ ခုနှစ်မှ စတင် အာဏာသက်ရောက်ခဲ့ပြီး၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၉၃) နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ ရည်ရွယ်ချက်များမှာ ဇီဝမျိုးစုံ မျိုးကွဲများ ကာကွယ်ထိန်းသိမ်းရန်၊ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန်နှင့် မျိုးရိုးဗီဇ အရင်း အမြစ်များကို ညီတူညီမျှအသုံးပြုနိုင်ရန်တို့ ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများ၌ ဇီဝမျိုးစုံမျိုးကွဲ များဆိုင်ရာ ထင်ရှားအရေးပါသောဒေသများကို သတ်မှတ်ခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တည်ထောင်ခြင်း၊ အတန်းအစားလျော့ကျနေသော ဂေဟစနစ်တို့ကို ပြန်လည် တည်ထောင်ခြင်း၊ မျိုးစိတ်များ ရှင်သန်နိုင်သည့် အရေအတွက်ကို ထိန်းသိမ်းခြင်း၊ လိုအပ်သောတရားဥပဒေရေးဆွဲပြဌာန်းခြင်း သို့မဟုတ် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ် ရှိသော မျိုးစိတ်များအား ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ခြင်းကို အဆင့်မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် CBD ကို ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

မျိုးသုဉ်း​ရန် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း (CITES)မျိုးသုဉ်း​ရန်အန္တရာယ်ရှိသော တောရိုင်း တိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) သည် ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ စာရင်းအရ (၁၇၅) နိုင်ငံက အဖွဲ့ဝင် အဖြစ် လက်မှတ်ထိုးပြီး ဖြစ်ပါသည်။ တောရိုင်းတိရစ္ဆာန် နှင့် ယင်းတို့မှ ထွက်ရှိသည့် ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုအား ရေရှည်စီမံအုပ်ချုပ်နိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းများ နိုင်ငံတကာရောင်းဝယ်မှုများကို ပုံမှန်ဖြစ်စေရန် ရည်ရွယ် ပါသည်။ တောရိုင်းတိရစ္ဆာန်များအပေါ် နိုင်ငံ၏ အချုပ်အခြာ လွှမ်းမိုးမှုကိုလည်း အသိအမှတ်ပြုရန် ရည်ရွယ်ပါသည်။ CITES သည် ရောင်းဝယ်မှုများကို ပုံမှန်ဖြစ်စေရေး အတွက် မျိုးစိတ်စာရင်းများအား နောက်ဆက်တွဲ(၃)ခုဖြင့် ထုတ်ပြန်ခဲ့ပါသည်။ နောက်ဆက် တွဲ (၁) နှင့် (၂)တို့မှာ အဓိက နောက်ဆက်တွဲများဖြစ်ပြီး နောက်ဆက်တွဲ (၁) မှာ စီးပွားရေး အရ ရောင်းဝယ်မှုမပြုရသော မျိုးစိတ်စာရင်းဖြစ်၍ (၂)မှာ နိုင်ငံတကာ ကြီးကြပ်မှုအောက်မှ ရောင်းဝယ်ရသော မျိုးစိတ်စာရင်း ဖြစ်ပါသည်။  မြန်မာနိုင်ငံသည် CITES သို့ ၁၉၉၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်များအား အလွန် အကျွံသတ်ဖြတ်မှုကို တားဆီးရာတွင် ထင်ရှားသည့် မောင်းနှင်အားတစ်ရပ် ဖြစ်ပါသည်။

ကမ္ဘာ့အမွေအနှစ်ကွန်ဗင်းရှင်း (World Heritage Convention - WHC)။  WHC သည် ၁၉၇၅ ခုနှစ်မှ စတင်အသက်ဝင်ပြီး ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလအထိ စာရင်းအရ (၁၉၂) နိုင်ငံ မှ ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။ ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အထိမ်းအမှတ် များ၊ ကမ္ဘာလုံးဆိုင်ရာ ထူးခြားထင်ရှားသည့် တန်ဖိုးများရှိသည့် ဒေသများကို ကမ္ဘာ့အမွေ အနှစ်ဒေသများအဖြစ် သတ်မှတ်၍ ထာဝစဉ်ထိန်းသိမ်းသွားရန် ရည်ရွယ်ပါသည်။ မြန်မာ နိုင်ငံသည် WHC သို့ ၁၉၉၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၌ သဘောတူဝင်ရောက်ခဲ့ပါသည်။ UNESCO နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများအား ကမ္ဘာသဘာဝအမွေ အနှစ်နေရာ (World Natural Heritage Site)များအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက် လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာ နိုင်ငံရှိ သဘာဝနေရာဒေသ(၇)ခုအား ကမ္ဘာသဘာဝအမွေအနှစ်စာရင်းဝင် လျာထား နေရာ များ (Tentative list)အဖြစ် ရွေးချယ် သတ်မှတ်နိုင်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် ဆက်စပ်ပတ်သက်သူများ အကြံပြု ဆွေးနွေးပွဲမှ အကြံပြုချက်များအရ လျာထားနေရာ(၇)ခု အနက်မှ နတ်မတောင်အမျိုးသား ဥယျာဉ်နှင့် အင်းတော်ကြီးဘေးမဲ့တောတို့အား ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်နေရာ အဖြစ် ရွေးချယ်အဆိုပြုနိုင်ရေးအတွက် ဦးစားပေးရွေးချယ်ခဲ့ပါသည်။

အဆိုပါ ဦးစားပေးနေရာ(၂)ခုအနက်မှ တစ်ခုအား ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင် ဦးစားပေးနေရာအဖြစ် ရွေးချယ်အဆိုပြုနိုင်ရေး လုပ်ငန်းအဆင့်များ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် UNESCO မှ Expert Mission အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ မေလအတွင်း နတ်မတောင်အမျိုးသားဥယျာဉ် နှင့် အင်းတော်ကြီးဘေးမဲ့တောတို့သို့ သွားရောက်၍ ဒေသ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း နှင့် လေ့လာခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Expert mission အဖွဲ့မှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အား ဦးစားပေးနေရာအဖြစ် ထပ်မံရွေးချယ်၍ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်သွားနိုင်ရန် အကြံပြုထားပါသည်။

ရမ်ဆာကွန်ဗင်းရှင်း(Ramsar Convention)။ ရမ်ဆာကွန်ဗင်းရှင်းသည် ၁၉၇၅ခုနှစ်မှ စတင်အသက်ဝင်၍ ရေပျော်ငှက်များကျက်စားသည့် အရေးကြီးသော ရေတိမ်ဒေသများ ထိန်းသိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်းအဖြစ်လည်း အသိများပါသည်။ ယခုအထိ အဖွဲ့ဝင် (၁၄၄)နိုင်ငံ ဝင်ရောက်လက်မှတ် ရေးထိုးပြီး ဖြစ်ပါသည်။ ရေတိမ်ဒေသထိန်းသိမ်းရေးနှင့် ​အမြော်အမြင်ရှိစွာ အသုံးပြုနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ ချမှတ်ဆောင်ရွက်ပါသည်။ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အဖွဲ့ဝင်နိုင်ငံများမှ ရမ်ဆာနယ်မြေ (Ramsar Site) ပေါင်း (၁၄၀၁) ခုကို အဆိုပြုခဲ့ပြီး စုစုပေါင်းဧရိယာ ဟက်တာ (၁၂၃) သန်းရှိပါသည်။ မြန်မာနိုင်ငံမှ ရမ်ဆာကွန်ဗင်းရှင်းကို ၂၀၀၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မိုးယွန်းကြီးအင်းဘေးမဲ့တောအား နိုင်ငံ၏ ပထမဆုံး ရမ်ဆာနယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ မိုးယွန်းကြီးအပြင် ရမ်ဆာနယ်မြေ စာရင်းဝင်ဖြစ်နိုင်သည့် အခြားရေတိမ်ဒေသများကိုလည်း ထိန်းသိမ်းလျက်ရှိပြီး ရမ်ဆာနယ် မြေများအဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါသည်။

လူ နှင့် ဇီဝအဝန်းအစီအစဉ် (Man and the Biosphere - MAB Programme)။ MAB အစီအစဉ်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း ၏ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ရန်တာဝန်ယူထားသည့် ပုဂ္ဂိုလ် နှင့် အမျိုးသား ကော်မတီတို့မှတစ်ဆင့် လုပ်ငန်းများဆောင်ရွက်ပါသည်။ သဘာဝ နှင့် လူမှုရေးသိပ္ပံ နည်းပညာနယ်ပယ်အတွင်း ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး နှင့် စဉ်ဆက် မပြတ် အသုံးပြုနိုင်ရေး၊ လူမှုပတ်ဝန်းကျင် ဆက်သွယ်မှု တိုးတက်လာစေရေးအတွက် အခြေခံများဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပါသည်။ MAB အစီအစဉ်၏ အဓိကဆောင်ရွက်မှုမှာ ဇီဝအဝန်းချိတ်ဆက် ဆောင်ရွက်မှုဖြစ်ပြီး ဇီဝအဝန်းများတွင် ကုန်းမြေနှင့် ကမ်းရိုးတန်း ဂေဟစနစ်တို့ပါဝင်၍ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း နှင့် စဉ်ဆက်မပြတ် အသုံးပြုခြင်းတို့ကို တိုးမြှင့်ဆောင်ရွက် နိုင်ရန်အတွက် တည်ထောင်ထားသော နယ်မြေများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အင်းလေးကန်အား လူသား နှင့် ဇီဝအဝန်းကြိုးဝိုင်းအဖြစ် သတ်မှတ်ရေးကို သစ်တောဦးစီးဌာနမှ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံဒေသ တောရိုင်းတိရစ္ဆာန် တရားမဝင် ကူးသန်းရောင်းဝယ်မှု တားဆီးရေး ကွန်ယက် (ASEAN Wildlife Enforcement Network - ASEAN-WEN)။  CITES ကွန်ဗင်းရှင်းနှင့် ဆက်စပ်၍ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံက ကမကထပြု၍ အာဆီယံဒေသ အတွင်း တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရန် အာဆီယံဒေသ တောရိုင်းတိရစ္ဆာန် တရားမဝင်ကူးသန်းရောင်းဝယ်မှု တားဆီးရေး ကွန်ယက် (ASEAN Wildlife Enforcement Network - ASEAN-WEN) ကို ဖွဲ့စည်းရန် အဆိုပြုခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် ယင်းအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံက ASEAN-WEN ၏ (၅)ကြိမ်မြောက် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ASEAN-WEN နှင့်အတူ ကြောင်မျိုးနွယ် ဖြစ်သော ကျား၊ ကျားသစ်တို့ကို တရားမဝင်သတ်ဖြတ် ရောင်းဝယ်ဖောက်ကားခြင်းအား နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) နှင့် ပူးပေါင်းနှိမ်နင်းလျက် ရှိပါသည်။

ASEAN-WEN လုပ်ငန်းများကိုအထောက်အကူဖြစ်စေရန် ဥယျာဉ်များအတွင်း ကင်းလှည့် သတင်းထောက်လှမ်းခြင်း၊ ပထဝီသတင်းအချက်အလက်စနစ် တည်ဆောက်ခြင်း (RS/ GIS)၊ အပင်အမျိုးအမည်၊ တိရစ္ဆာန်အမျိုးအမည် စာရင်းကောက်ယူခြင်း၊ ခွဲခြားခြင်း၊ အပင်/တိရစ္ဆာန်ဆိုင်ရာ မှုခင်းဆေးပညာ (Forensic)၊ သတင်း နှင့် အချက်အလက် ဖလှယ်ခြင်းစသော သင်တန်းများသို့ ဝန်ထမ်းများကို တက်ရောက်စေလျက် ရှိပါသည်။

ASEAN-WEN နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ National Wildlife Law Enforcement Task Force အား သစ်တောဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး တောရိုင်း တိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်များ တရားမဝင်သယ်ဆောင်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းတို့ကို ပူးပေါင်းအရေးယူဆောင်ရွက်လျက် ရှိပါသည်။

အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity- ACB)။ အာဆီယံဒေသသည် တကမ္ဘာလုံးဧရိယာ၏ ၃% မျှသော်ကျယ်ဝန်းသော်လည်း ကမ္ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲများ၏ ၂၀ % ကို ပိုင်ဆိုင်လျက်ရှိပါသည်။ အာဆီယံဒေသအတွင်းရှိ ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝမှုကို ဒေသတွင်းနိုင်ငံများ စုပေါင်း၍ ထိန်းသိမ်းကာကွယ်နိုင်ရန် အာဆီယံ အဖွဲ့ချုပ်ကြီးသည် အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity - ACB) အား ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity- ACB) သို့ ၂၀၀၅ ခုနှစ်မှစ၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ကာ ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ရန်ပုံငွေ နှင့် နည်းပညာ ထောက်ပံ့ပေးမှု ရယူခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ အာဆီယံဒေသတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းခြင်းကို ဆောင်ရွက်သည့် လုပ်ဆောင်ချက်အဖြစ် ACB မှ ဒေသတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေ များအနက် (၃၂) ခု အား အာဆီယံ အမွေအနှစ်ဥယျာဉ် (ASEAN Heritage Park-AHP) များအဖြစ် သတ်မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများ အား ပံ့ပိုးကူညီလျက် ရှိပါသည်၊ အာဆီယံဒေသရှိ AHP (၃၂) ခုအနက် (၇) ခုမှာ မြန်မာနိုင်ငံတွင် တည်ရှိပြီး နိုင်ငံအလိုက်အနေဖြင့် အရေအတွက် အများဆုံးဖြစ်ပါသည်။ လောလောဆယ်တွင် ACB နှင့် ပူးပေါင်း၍ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့တွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ထိန်းသိမ်းကာကွယ်မှု မြှင့်တင်ခြင်းအစီအစဉ်ကို ဆောင်ရွက်လျက် ရှိပါသည်။

အခြားသော အဖွဲ့အစည်းများ။       ထို့အပြင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု စောင့်ကြည့်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ယက်အဖွဲ့ (TRAFFIC) မှ ပြုလုပ်သည့် စွမ်းဆောင်ရည် မြှင့်တင် ရေးသင်တန်းများတွင် ဝန်ထမ်းများ ပါဝင်တက်ရောက်ခြင်း၊ ၁၉၉၃ ခုနှစ်မှစ၍ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society -WCS) နှင့် ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ စာရင်းကောက်ယူခြင်း၊ ကင်းလှည့်ထိန်းသိမ်းမှု သင်တန်းပေးခြင်း၊ ဥပဒေစိုးမိုးရေး သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

သစ်တောဦးစီးဌာနသည် TRAFFIC နှင့် ပူးပေါင်း၍ မျိုးစိတ်ခွဲခြားခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်တိုင်း မှော်ဘီမြို့ နှင့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ရှိ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့် ပေးရေးဌာနများ၌ ပြုလုပ်ခဲ့ပါသည်။ သစ်တောဦးစီးဌာနအပါအဝင် ဆက်စက်ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ သင်တန်းသားများ ၅၅ ဦးတက်ရောက်ခဲ့ပါသည်။ အဓိက ရည်ရွယ်ချက်မှာ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုအား အရေးယူ ဆောင်ရွက်ရာတွင် လက်တွေ့ပါဝင် ဆောင်ရွက်နေကြသော ဝန်ထမ်းများအနေဖြင့် မျိုးစိတ်များ ခွဲခြားခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဖြစ်ပါသည်။

တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်ခြင်းကို စောင့်ကြည့်လေ့လာခြင်း အစီအစဉ် (CITES-MIKE)တွင် မြန်မာနိုင်ငံက ပူးပေါင်းပါဝင်​ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတကာ နှင့် ပြည်တွင်းအဖွဲ့အစည်းများနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ

မြန်မာနိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါသည်။ ၎င်းစီမံကိန်းများတွင် ဇီဝမျိုးစုံမျိုးကွဲများအား စာရင်း ကောက်ယူခြင်း၊ ရှာဖွေစူးစမ်းခြင်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော သဘာဝ သယံဇာတအရင်းအ မြစ်များ စီမံအုပ်ချုပ်ခြင်းအား လေ့လာခြင်းတို့ပါဝင်ပါသည်။

မြန်မာ့သစ်တောများသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကို မောင်နှမများ၊ ပြည်သူများ၏ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံခြားဝင်ငွေအမြောက်အများ ကိုလည်း နှစ်စဉ်ရှာဖွေပေးလျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေမြေ၊ သား ငှက်ထန်းသိမ်းရေးတို့အတွက် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များလည်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ပေါကြွယ်ဝမှုနှင့်အတူ သိပ္ပံနည်းကျ စနစ်တကျအုပ်ချုပ်လုပ်ကိုင်သည့် မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ် Myanmar Selection System သည် အသိမှတ်ပြုခြင်းခံထား သစ်တောစီမံအုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောအုပ်ချုပ်မှုလုပ်ကိုင်မှုကို အောင်မြင်ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မြန်မာလူမျိုးတို့ ၏ ကိုးကွယ်သည့်ဘာသာ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာမျာအရ သစ်ပင်စိုက်ခြင်း သစ်တောများထိန်းသိမ်းခြင်းစသည်တို့အပေါ် ထားရှိသည့် ဦးစားပေးမှုအဆင့်မြင့်မားခဲ့ခြငး်က အခြေခံအချက် ဖြစ်ပါသည်။
ကုန်းဘောင်နှစ်ဦးနှောင်းပိုင်း အလောင်းမင်းတရားကြီး လက်ထက် ၁၇၆၀ ခုနှစ်ဝန်းကျင်မှသည် ကျွန်းသစ်ကို "တော်သစ်" အဖြစ်သတ်မှတ်ထိန်းသိမ်းကာကွယ်ခဲ့ပါသည်။
၁၈၄၁ ခုနှစ်နှင့် ၁၈၄၂ ခုနှစ်တို့တွင်မြန်မာ့ကျွန်းသစ်တောများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းနှင့်ပတ်သက် ၍ ပိုမိုပြည့်စုံသောစည်းကမ်းများကို ထုတ်ပြန်ခဲ့ပါသည်။

မြန်မာ့သစ်တောများသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကို မောင်နှမများ၊ ပြည်သူများ၏ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံခြားဝင်ငွေအမြောက်အများ ကိုလည်း နှစ်စဉ်ရှာဖွေပေးလျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေမြေ၊ သား ငှက်ထန်းသိမ်းရေးတို့အတွက် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များလည်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ပေါကြွယ်ဝမှုနှင့်အတူ သိပ္ပံနည်းကျ စနစ်တကျအုပ်ချုပ်လုပ်ကိုင်သည့် မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ် Myanmar Selection System သည် အသိမှတ်ပြုခြင်းခံထား သစ်တောစီမံအုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောအုပ်ချုပ်မှုလုပ်ကိုင်မှုကို အောင်မြင်ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မြန်မာလူမျိုးတို့ ၏ ကိုးကွယ်သည့်ဘာသာ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာမျာအရ သစ်ပင်စိုက်ခြင်း သစ်တောများထိန်းသိမ်းခြင်းစသည်တို့အပေါ် ထားရှိသည့် ဦးစားပေးမှုအဆင့်မြင့်မားခဲ့ခြငး်က အခြေခံအချက် ဖြစ်ပါသည်။
ကုန်းဘောင်နှစ်ဦးနှောင်းပိုင်း အလောင်းမင်းတရားကြီး လက်ထက် ၁၇၆၀ ခုနှစ်ဝန်းကျင်မှသည် ကျွန်းသစ်ကို "တော်သစ်" အဖြစ်သတ်မှတ်ထိန်းသိမ်းကာကွယ်ခဲ့ပါသည်။
၁၈၄၁ ခုနှစ်နှင့် ၁၈၄၂ ခုနှစ်တို့တွင်မြန်မာ့ကျွန်းသစ်တောများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းနှင့်ပတ်သက် ၍ ပိုမိုပြည့်စုံသောစည်းကမ်းများကို ထုတ်ပြန်ခဲ့ပါသည်။

မြန်မာ့သစ်တောများသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကို မောင်နှမများ၊ ပြည်သူများ၏ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံခြားဝင်ငွေအမြောက်အများ ကိုလည်း နှစ်စဉ်ရှာဖွေပေးလျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေမြေ၊ သား ငှက်ထန်းသိမ်းရေးတို့အတွက် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များလည်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ပေါကြွယ်ဝမှုနှင့်အတူ သိပ္ပံနည်းကျ စနစ်တကျအုပ်ချုပ်လုပ်ကိုင်သည့် မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ် Myanmar Selection System သည် အသိမှတ်ပြုခြင်းခံထား သစ်တောစီမံအုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောအုပ်ချုပ်မှုလုပ်ကိုင်မှုကို အောင်မြင်ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မြန်မာလူမျိုးတို့ ၏ ကိုးကွယ်သည့်ဘာသာ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာမျာအရ သစ်ပင်စိုက်ခြင်း သစ်တောများထိန်းသိမ်းခြင်းစသည်တို့အပေါ် ထားရှိသည့် ဦးစားပေးမှုအဆင့်မြင့်မားခဲ့ခြငး်က အခြေခံအချက် ဖြစ်ပါသည်။
ကုန်းဘောင်နှစ်ဦးနှောင်းပိုင်း အလောင်းမင်းတရားကြီး လက်ထက် ၁၇၆၀ ခုနှစ်ဝန်းကျင်မှသည် ကျွန်းသစ်ကို "တော်သစ်" အဖြစ်သတ်မှတ်ထိန်းသိမ်းကာကွယ်ခဲ့ပါသည်။
၁၈၄၁ ခုနှစ်နှင့် ၁၈၄၂ ခုနှစ်တို့တွင်မြန်မာ့ကျွန်းသစ်တောများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းနှင့်ပတ်သက် ၍ ပိုမိုပြည့်စုံသောစည်းကမ်းများကို ထုတ်ပြန်ခဲ့ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများအား ထိရောက်စွာ စီမံအုပ်ချုပ်ရေးတို့အတွက် နိုင်ငံအဆင့် မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက် များ၊ မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။

နိုင်ငံအဆင့် မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက်များ

(၁)     မြန်မာ ၂၁ ရာစု အစီအစဉ် (Myanmar Agenda 21) (၁၉၉၇)၊

(၂)     အမျိုးသားအဆင့် သစ်တောကဏ္ဍပင်မစီမံကိန်း (National Forestry Sector Master Plan -NFMP) (၂၀၀၁-၀၂- ၂၀၃၀-၃၁)၊

(၃)     နိုင်ငံအဆင့် ဇီဝလုံခြုံမှု မူဘောင် (National Bio-safety Framework) (၂၀၀၆) မူကြမ်း၊

(၄)     နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာ နှင့် လုပ်ငန်း စီမံချက် (National Biodiversity Strategy and Action Plan – NBSAP) (၂၀၁၁)။

မူဝါဒ နှင့် ဥပဒေများ

မူဝါဒ နှင့် ဥပဒေများ

ထုတ်ပြန်သည့် ခုနှစ်

ထိန်းသိမ်းရေးရည်ရွယ်ချက်

သစ်တောဥပဒေ

၁၉၉၂

  • ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ရေရှည် တည်တံ့ရေးဆိုင်ရာ ကြိုးဝိုင်းတောများဖွဲ့စည်းရန်၊

တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေ

၁၉၉၄

  • တောရိုင်းတိရစ္ဆာန်နှင့် သဘာ ဝအပင်များ ကာကွယ်ရေးကို အထောက်အကူပြုရန်၊
  • သဘာဝထိန်းသိမ်းရေးနယ် မြေများ ထိန်းသိမ်းရေးကို အထောက်အကူပြုရန်၊
  • ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း ကို နိုင်ငံတော်မှ သဘောတူ လက်ခံထားသော အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များ နှင့်အညီ ဆောင်ရွက်ရန်၊
  • မျိုးသုဉ်းမည့် အန္တရာယ်ရှိ သည့် တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် ယင်းတို့ ၏ နေရာဒေသများကို ကာကွယ်ထိန်းသိမ်းရန်၊
  • သဘာဝသိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများကို အထောက် အကူ ဖြစ်စေရန်၊

သစ်တောနည်းဥပဒေ

၁၉၉၄

  • ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ကာကွယ်ခြင်းကို အထောက် အပံ့ပြုစေရန်၊

သစ်တောမူဝါဒ

၁၉၉၅

  • ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ကာကွယ်ခြင်းဆိုင်ရာ အခြေခံ မူများအား ပံ့ပိုးပေးရန်၊

တောရိုင်းတိရစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေးနည်းဥပဒေ

၂၀၀၂

  • ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းကို အထောက် အပံ့ပြုစေရန်၊

 

တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေးဥပဒေ (၁၉၉၄)၊ ပုဒ်မ (၁၅ က) အရ မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များကို အောက်ပါအမျိုးအစားအတိုင်း သတ်မှတ်ကြေညာထားသည် -

(၁)     လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊

(၂)     သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊

(၃)     ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ။

တရားမဝင်ရောင်းဝယ်ဖောက်ကားမူအား တိုက်ဖျက်ခြင်း

တောရိုင်းတိရစ္ဆာန်များအား တရားမဝင် အမဲလိုက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့မှ တားဆီးကာကွယ်အရေးယူနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ဆင်ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (၁၈၇၉) နှင့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၁၉၃၆) တို့ကို ပြဌာန်းခဲ့ပါသည်။ ၎င်းဥပဒေများအားပေါင်းစည်း၍ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အောက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေများဖြင့် ပြင်ဆင်အစားထိုးပြန်ဌာန်းကာ တောရိုင်း တိရစ္ဆာန်များအား တရားမဝင် အမဲလိုက်ခြင်း၊ သယ်ယူခြင်း နှင့် ရောင်းဝယ် ဖောက်ကား ခြင်း တို့ကို တားဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်-

(က)    တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄)၊

(ခ)     တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးနည်းဥပဒေ (၂၀၀၂)၊

(ဂ)     မြန်မာနိုင်ငံအတွင်း မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန် များစာရင်း (၁၉၉၄) [လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ (မျိုးစိတ် ပေါင်း ၉၈ မျိုး၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၉ မျိုး၊ ငှက်မျိုးစိတ် ၅၀ မျိုး နှင့် ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် ၉ မျိုး) ၊ သာမန် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ (မျိုးစိတ်ပေါင်း ၆၁ မျိုး၊ နို့တိုက် သတ္တဝါ မျိုးစိတ် ၁၂ မျိုး၊ ငှက်မျိုးစိတ် ၄၃ မျိုး နှင့် ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် ၆ မျိုး) နှင့် ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များ (မျိုးစိတ်ပေါင်း ၁၅၊ နို့တိုက်သတ္တဝါမျိုးစိတ် ၂ မျိုး၊ ငှက်မျိုးစိတ် ၁၃ မျိုး)] ။

၁၉၉၄ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ် မြေများ ထိန်းသိမ်းရေးဥပဒေအရ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်ဒဏ်များ

ဥပဒေပုဒ်မ (၃၅)အရ လိုင်စင်မရှိဘဲ အမဲလိုက်ခြင်း၊ သာမန်ကာကွယ်ထားသော တောရိုင်း တိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ မွေးမြူခြင်းတို့ကို ကျူးလွန်ပါက  ထောင် ဒဏ်(၃) နှစ် အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ်(၁၀၀၀၀)အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ခြင်း။

ဥပဒေပုဒ်မ (၃၆)အရ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ကာကွယ်ထားသော သဘာဝ အပင်တစ်မျိုးမျိုးကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း၊ ဖျက်ဆီး ခြင်း တို့ကို ကျူးလွန်ပါက ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် (၃၀၀၀၀) အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ခြင်း။

ဥပဒေပုဒ်မ (၃၇)အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ အနာတရဖြစ်စေခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ တောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ ကာကွယ်ထားသည့် သဘာဝအပင်ကိုဖြစ်စေ ညွှန်ကြားရေး မှူးချုပ်၏ ထောက်ခံချက်မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် (၇)နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ်(၅၀၀၀၀)အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခံရနိုင်ခြင်း။

မြန်မာ့သစ်တောများသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကို မောင်နှမများ၊ ပြည်သူများ၏ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံခြားဝင်ငွေအမြောက်အများ ကိုလည်း နှစ်စဉ်ရှာဖွေပေးလျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေမြေ၊ သား ငှက်ထန်းသိမ်းရေးတို့အတွက် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များလည်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ပေါကြွယ်ဝမှုနှင့်အတူ သိပ္ပံနည်းကျ စနစ်တကျအုပ်ချုပ်လုပ်ကိုင်သည့် မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ် Myanmar Selection System သည် အသိမှတ်ပြုခြင်းခံထား သစ်တောစီမံအုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောအုပ်ချုပ်မှုလုပ်ကိုင်မှုကို အောင်မြင်ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မြန်မာလူမျိုးတို့ ၏ ကိုးကွယ်သည့်ဘာသာ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာမျာအရ သစ်ပင်စိုက်ခြင်း သစ်တောများထိန်းသိမ်းခြင်းစသည်တို့အပေါ် ထားရှိသည့် ဦးစားပေးမှုအဆင့်မြင့်မားခဲ့ခြင်းက အခြေခံအချက် ဖြစ်ပါသည်။
ကုန်းဘောင်နှစ်ဦးနှောင်းပိုင်း အလောင်းမင်းတရားကြီး လက်ထက် ၁၇၆၀ ခုနှစ်ဝန်းကျင်မှသည် ကျွန်းသစ်ကို "တော်သစ်" အဖြစ်သတ်မှတ်ထိန်းသိမ်းကာကွယ်ခဲ့ပါသည်။
၁၈၄၁ ခုနှစ်နှင့် ၁၈၄၂ ခုနှစ်တို့တွင်မြန်မာ့ကျွန်းသစ်တောများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းနှင့်ပတ်သက် ၍ ပိုမိုပြည့်စုံသောစည်းကမ်းများကို ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံအဝှမ်းတွင်ရှိသော သစ်တောများနှင့် ယင်းတို့အတွင်း မှီတင်းနေထိုင်သော တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် သစ်တောဦးစီးဌာန၏ အောက်တွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကို ဖွဲ့စည်းထား ရှိပြီး ဖြစ်ပါသည်။ ယင်းဌာနအနေဖြင့် မြန်မာနိုင်ငံနှင့်အဝှမ်း ဥယျာဉ်မျိုးစုံ နှင့် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော စုစုပေါင်း(၃၉)ခုကို ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်ပါသည်။

ယင်းတို့၏ စုစုပေါင်း ဧရိယာမှာ (၁၅၀၂၁.၈၈)စတုရန်းမိုင်ရှိပြီး နိုင်ငံဧရိယာ၏ (၅.၇၅%) ရှိပါသည်။ ဥယျာဉ်/ဘေးမဲ့တောများကို စီမံအုပ်ချုပ်ရန် အုပ်ချုပ်ရေးမှူးရုံးများကို ဖွင့်လှစ် ထားပြီး ဝန်ထမ်းအင်အားများ ဖြည့်တင်း၍ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက် သတ်ဖြတ်ခြင်းမှ ကာကွယ်ရန် ကင်းလှည့်ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။

အထူးသဖြင့် ဥယျာဉ်/ဘေးမဲ့တောများအနီးနေ ကျေးရွာများမှ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုကို ရရှိရန် ပညာပေးစည်းရုံးလျက် ရှိပါသည်။ ဥယျာဉ်/ဘေးမဲ့တောများအတွင်း ဂေဟစနစ်များ ရှင်သန်ဖြစ်ထွန်းရေး၊ တောရိုင်းတိရစ္ဆာန်များ ရှင်သန်ပေါက်ပွားရေးတို့ အတွက် အထူးအလေးထား ဆောင်ရွက်လျက် ရှိပါသည်။ အထက်ဖော်ပြပါ ကာကွယ် ထားသော တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များကို တရားမဝင် သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ မွေးမြူခြင်း၊ လက်ဝယ်ထားခြင်း၊ သယ်ယူ ခြင်း၊ ပြည်ပသို့  တင်ပို့ခြင်းတို့ကို နယ်မြေခံ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်း လက်တွဲလျက် ဖမ်းဆီးကာကွယ် ထိန်းသိမ်း အရေးယူလျက် ရှိပါသည်။

  • မြန်မာနိုင်ငံတွင် ရှေးဘုရင်များလက်ထက်ကတည်းက ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကို ဆောင်ရွက်ခဲ့ပြီး ၁၇၇၅ ခုနှစ်တွင် ကျွန်းကို တော်ဝင်သစ်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ၁၈၅၀ ခုနှစ်တွင် ရတနာပုံဘုရင်နန်းတော် ပတ်ဝန်းကျင်အား တောရိုင်းတိရစ္ဆာန် ဘေးမဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၈၇၉ ခုနှစ်တွင် ဆင်ထိန်းသိမ်းရေးဥပဒေကို ပြဌာန်း ခဲ့၍ ၁၈၈၃ တွင် ပြင်ဆင်ခဲ့ပါသည်။
  • သစ်တောဦးစီးဌာနသည် ၁၉၀၂ ခုနှစ် ဗမာ့သစ်တော ဥပဒေအရ တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ရန် တာဝန်ရှိပါသည်။ အဆိုပါ ဥပဒေ၌ တောရိုင်းတိရစ္ဆာန်များကို သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်၍ သစ်တော ကြိုးဝိုင်းများအတွင်း ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းတို့ကို ထိန်းချုပ်သည့် စည်းမျဉ်းများကို ပြဌာန်းထားပါသည်။ ပထမဆုံးအမဲလိုက်ရန် ခွင့်ပြုထားသောတောများကို ၁၉၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ သို့သော် သဘာဝထိန်းသိမ်း​ရေးနယ်မြေများကိုမူ ၁၉၂၀ ခုနှစ်တိုင်​အောင် မသတ်မှတ်နိုင်ခဲ့ပါချေ။
  • မြန်မာ့တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ် ခြင်းဆိုင်ရာဥပဒေကို ၁၉၃၆ ခုနှစ်တွင် ပြဌာန်းခဲ့ပါသည်။ ၁၉၂၇ ခုနှစ်၌ သစ်တောဦးစီး ဌာနတွင် အုပ်ချုပ်ရေးမှူး ရာထူးတစ်နေရာကို ဖန်တီးခဲ့၍ တောဆင်ရိုင်းဖမ်းဆီးခြင်း အပါအဝင် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ခြင်း နှင့် စီမံအုပ်ချုပ် လုပ်ကိုင် ခြင်း တာဝန်များကို ထမ်းဆောင်စေခဲ့ပါသည်။
  • ဂျပန်ဝင်ရောက်သော ၁၉၄၂ ခုနှစ်တွင် အုပ်ချုပ်ရေးမှူးရာထူး လစ်လပ်သွားပြီး  နောင်တွင်လည်းပြန်လည် မခန့်အပ်နိုင်တော့ပါ။ စစ် နှင့် နောက်ဆက်တွဲ လွတ်လပ်ရေးကိစ္စများကြောင့် သစ်တောဦးစီးဌာနက တောရိုင်း တိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ရေးကိစ္စများဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရန် အဖွဲ့အစည်း ဝန်ထမ်းမရှိချေ။