၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံ-မိုင်းဆတ်ခရိုင် ၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ (၈-၁၀-၂၀၂၅)ရက်နေ့ (၁၃:၀၀)နာရီအချိန် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်"သစ်တောထိန်းသိမ်းရေးတောမီးကာကွယ်ရေး.မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ "ကျင်းပပြုလုပ်ခဲ့ရာ ကျိုင်းတုံ-မိုင်းဆတ်ခရိုင် ခရိုင်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကသစ်တောထိန်းသိမ်းရေး.တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများဟောပြောပို့ချခဲ့ပြီး(၁၄:၀၀)နာရီချိန်တွင်အခမ်းအနားကျင်းပပြီးစီးခဲ့ပါသည်.ဆရာ/ဆရာမ(၁၀)ဦးနှင့် ကျောင်းသား(၁၁၀)ဦး၊ ကျောင်းသူ(၁၄၀)ဦး စုစုပေါင်း (၂၆၀) ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်၊၊

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သစ်တောဦးစီးဌာနမှ (၈.၁၁.၂၀၂၅) ရက်နေ့တွင် မင်းဘူးမြို့၊ အ.ထ.က(၁)ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (ခရိုင်အဆင့်) ခရိုင်/မြို့နယ် ဝန်ထမ်းအင်အား(၁၀)ဦး၊ ကျောင်းအုပ် ဆရာကြီး နှင့် ဆရာ/ဆရာမအင်အား(၁၁)ဦး၊ ကျောင်းသား/သူအင်အား(၁၅၁)ဦး၊စုစုပေါင်း(၁၇၂)ဦး ဖြင့်ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပြီး မင်းဘူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုဆွေးနွေးပြောကြား ပြီး၊ သစ်တောထိန်းသိမ်း ရေးဟောပြောပွဲကို မင်းဘူးမြို့နယ်၊ ဦးစီးဌာနမှူး မှ ဟောပြောဆွေးနွေး ခဲ့ပါသည်။ ကျောင်းသား/သူ များကို အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးအပ်ခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ် သစ်တောဦးစီးဌာနမှ(၆.၁၁.၂၀၂၅)ရက်၊ ကြာသပတေးနေ့ (၁၀း၀၀)နာရီအချိန်တွင် သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား ခန္တီးမြို့နယ်၊သာယာကုန်းကျေးရွာ အလက(ခွဲ)စာသင်ကျောင်းတွင်ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားသို့ ခန္တီးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးဝင်းမောင်မှသစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဟောပြောခြင်း၊တောအုပ်ဦးဝင်းခိုင်မှတောမီးထိန်းချုပ်ရေးဆိုင်ရာများဟောပြောခြင်းနှင့်ခန္တီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးတင့်လွင်ထွန်းမှ မီးခိုးမြူငွေ့လျှော့ချရေ းအစီအစဥ်များအား ဟောပြောပို့ချခဲ့ပါသည်။ ဟောပြောပွဲသို့ သာယာကုန်းကျေးရွာ အလက (ခွဲ)မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ကျား(၅၂)ဦး၊ မ(၅၈)ဦး၊ စုစုပေါင်း(၁၁၀)ဦးတက်ရောက်ကြပြီး ဟောပြောပွဲအပြီးတွင် လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ကျောင်းသုံး ပစ္စည်းများ လှူဒါန်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ (၈-၁၁-၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ကျောက်ဆည်မြို့၊ ကံကောင်းခြင်းရတနာထုတ်လုပ်မှုကုမ္ပဏီလီမိတက် ဓမ္မာရုံ၌ “သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (ခရိုင်အဆင့်)” ကျင်းပရာ ဘယ်လင်းကျေးရွာ၊ တောင်ရင်းကျေးရွာ၊ တောင်ဦးကျေးရွာ၊ နဘဲပင်ကျေးရွာ၊ မင်းရဲကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ ကျောက်မှိုင်းကျေးရွာ နှင့် ရှမ်းကန်ကျေးရွာတို့မှ ကျေးရွာသူ/ကျေးရွာသားများ (၁၁၅)ဦး တက်ရောက်ပါသည်။ အခမ်းအနားတွင် ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး - ဦးမောင်မောင်အေး-၃ က သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီး ခြင်းအကြောင်းအရင်းများ၊ သစ်တောပြုန်းတီးခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တော ထိန်းသိမ်းရေးနှင့် သစ်တောများမီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပညာဗဟုသုတများနှင့် ပွင့်လင်းရာသီသို့ရောက်ပြီဖြစ်၍ ကျေးရွာနှင့် ကျေးရွာပတ်ဝန်းကျင် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများ နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားအား (၁၄:၃၀)နာရီတွင် ရုပ်သိမ်းကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ သစ်တောဦးစီးဌာနမှ(၇.၁၁.၂၀၂၅)ရက်၊ သောကြာနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အဆင့် သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား အ.ထ.က(၁၂)၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားတွင် နေပြည်တော်၊ သစ်တောဦးစီဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအကြောင်းအရာများအားဟောပြောပို့ချခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ဟောပြောပွဲသို့ အ.ထ.က(၁၂)၊ နေပြည်တော်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၈)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၈.၁၁.၂၀၂၅)ရက်နေ့တွင် မကွေးမြို့၊ ချောင်းဖြူ (အ.လ.က)ကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ (တိုင်းအဆင့်)ကို တိုင်း/ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူအင်အား တက်ရောက်သူ (၁၄၅)ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး၊ တိုင်း/ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးအရာရှိတို့မှ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခြင်း၊ ကျောင်းစာကြည့်တိုက်အသုံးပြုရန် သစ်တောကြေးမုံစာအုပ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၇-၁၀-၂၀၂၅)ရက်နေ့မှ (၂-၁၁-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၆.၇၁၂၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သစ်တော ဦးစီးဌာန သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြုငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (တိုင်းဒေသကြီးအဆင့်) ကို (၇.၁၁.၂၀၂၅) ရက်နေ့ (၁၀၀၀)နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ၊ ဒဂုံတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒဂုံတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်း က အဖွင့်အမှာ စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထင် က သစ်တော သစ်ပင်များက သက်ရှိလောက တည်မြဲရေး အတွက် ပံ့ပိုးထောက်ပံ့ပေးနေမှုများ၊ တောမီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းနှင့် သက်ရောက်မှုများ၊ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့လျှော့ချရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများ မှ သိရှိလိုသည်များ မေးမြန်း မှုကို ပြန်လည်ဖြေကြားပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ/ဆရာမ များ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား (၂၀၉)ဦး (ကျား = ၃၁ဦး၊ မ = ၁၇၈ဦး) တို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages