၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းများ၊ သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွား အထောက် အကူပြု သင်တန်းများ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် တင် သည့် သင်တန်းများအပြင် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ (Eco-school Program)ကိုလည်း နှစ်စဉ် စီစဉ် ဖွင့်လှစ်လျက်ရှိပါသည်။AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ Eco-school Program ၏ ဆဌမ အကြိမ်မြောက်အဖြစ် စီစဉ်ဆောင်ရွက်သည့် ‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အသိပညာမျှဝေခြင်း’ အစီအစဉ် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ မှော်ဘီမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ(၉)ဦး၊ဆရာမ(၈၁)ဦး၊စုစုပေါင်း (၉၀)ဦးမှ လေ့လာရေးလာရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ (E- waste)
အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ(Electronic Waste/ E-waste/ Waste Electrical and Electronic Equipment-WEEE)ဆိုသည်မှာ ယေဘုယျအားဖြင့် စွန့်ပစ်ထားသော၊ အသုံးမပြုတော့သော ဟောင်းနွမ်းပျက်စီးနေသည့် လျှပ်စစ် သို့မဟုတ် အီလက်ထရွန်နစ်ပစ္စည်း အမျိုးမျိုးကို ဆိုလိုပါသည်။ အဆိုပါပစ္စည်းများတွင် ဘက်ထရီဖြင့်အသုံးပြုရသော ကလေးကစားစရာများ၊ စွန့်ပစ်ထားသောရုပ်မြင်သံကြားစက်များ၊ အသုံးမပြုတော့သည့် စမတ်ဖုန်းအဟောင်းများ၊ အသုံးဝင်မှု သက်တမ်းကုန်ဆုံးသွားသော မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများနှင့် ရေချိန်စက်များ စသည်တို့ပါဝင်ပါသည်။ တစ်နည်းအားဖြင့် လက်ရှိသုံးစွဲသူအတွက် အဆင် မပြေဖြစ်စေသော၊ အသုံးပြု၍ မရတော့သောလျှပ်စစ်စွန့်ပစ်စ္စည်းများဖြစ်ပါသည်။တချို့သော လျှပ်စစ် သို့မဟုတ် အီလက်ထရွန်နစ်အစိတ်အပိုင်းများ အမြဲတမ်းတပ် ဆင်ထားသောပစ္စည်းများသည် ရုတ်တ ရက်ကြည့်လျှင် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်း ကိရိယာ များဟုမထင်ရသော်လည်း အမှန်စင်စစ် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများဖြစ်သည်။ ဥပမာအားဖြင့် မီးလင်းသောအောက်ခံပါသည့် ဖိနပ်များ၊ လျှပ်စစ်ဖြင့် ချိန်ညှိနိုင်သော အိပ်ရာအောက်ခံပြားများ(slatted frames)နှင့် အတွင်းပိုင်းတွင် မီးအလင်းရောင်စနစ် တပ်ဆင်ထားသော ဗီရိုများ၊ အင်တင်နာများ၊ လျှပ်စစ်ကြိုးများ(cables)၊ အဒက်တာများ(adapters)၊ ပလပ်ပေါက်များ(sockets) နှင့် ပလပ်များ(plugs)စသည်တို့ပါဝင်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား(၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင်တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်းမှ(၁၄-၉-၂၀၂6)ရက်နေ့မှ (၂၀-၉-၂၀၂၆)ရက်နေ့ထိ တစ်ပတ်တာကာလအတွင်းတရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၉၄.၈၉၄၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ် ၊သစ်တောဦးစီးဌာနမှူးရုံးမှ(၂၄-၉-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီတွင် မင်းလှမြို့မြို့နယ်၊ ပေတော(ကန္နား)ကျေးရွာအုပ်စု၊ သဖန်းေချာင်းကျေးရွာ၊ စုရပ်ဆောင်တွင်"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး"အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားတွင် ဦးဝေယံ(တောအုပ်)မှ သစ်တောဥပဒေ၊သစ် တောနည်းဥပ​ဒေများ၊ ပြစ်မှု​ပြစ်ဒဏ်များ ရှင်းလင်းပြော​ကြား​ခြင်း၊သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊သစ်တောပြုန်းတီးခြင်း၊ရာသီဥတု ပြောင်းလဲခြင်း၊သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ​၊ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့်သစ်တောမြေပြင်ပမှ သစ်ပင်များမှတ်ပုံတင်ခြင်းလုပ်ငန်းအားရှင်းလင်းပြောကြားခဲ့​ပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များအားတာဝန်ရှိသူမှ ဖြေ​ကြားခဲ့ပါသည်။ ဟောပြောပွဲသို့ သစ်​တောဦးစီးဌာနမှူးရုံးမှ ဝန်ထမ်း(၂)ဦး၊ ပေတော(ကန္နား)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနင့် သဖန်းချောင်းကျေးရွာ ဒေသခံပြည်သူ ကျား(၂၆)၊မ(၂၉)ဦး စုစုပေါင်း(၅၇)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၂၄.၉.၂၀၂၆)ရက်နေ့ ၊ နံနက်( ၁၁:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ သာဂရမြို့ ၊ သရက်ကုန်းရပ်ကွက် ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သရက်ကုန်းရပ်ကွက်မှ ရပ်မိ/ရပ်ဖများအပါအဝင် ဒေသခံပြည်သူ ကျား( ၂၄)ဦး၊ မ(၁၁)ဦးနှင့် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၃၈)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးရဲမြင့်မှတရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုတက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်း လင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ် ၊သစ်တောဦးစီးဌာနမှူးရုံးမှ (၂၄-၉-၂၀၂၆)ရက်နေ့ (၁၂:၄၀)နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ပန်းသွင်လေးကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာ၊ဓမ္မာရုံတွင်"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး"အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာအခမ်းနားတွင် ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ သစ်တောဥပဒေ၊သစ် တောနည်းဥပ​ဒေများ၊ ပြစ်မှု​ပြစ်ဒဏ်များရှင်းလင်းပြော​ကြား​ခြင်း၊သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊သစ်တောပြုန်းတီးခြင်း၊ရာသီဥတု ပြောင်းလဲခြင်း၊သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ​၊ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့်သစ်တောမြေပြင်ပမှ သစ်ပင်များမှတ်ပုံ တင်ခြင်းလုပ်ငန်းအားရှင်းလင်းပြောကြားခဲ့​ပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များအားတာဝန်ရှိသူမှ ဖြေ​ကြားခဲ့ပါသည်။ ဟောပြောပွဲသို့ သစ်​တောဦးစီးဌာနမှူးရုံးမှ ဝန်ထမ်း(၃)ဦး၊ပန်းသွင်ကြီးကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ ကျား(၃၃)၊မ(၃၆)ဦး စုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းများ၊ သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွားအထောက် အကူပြု သင်တန်းများ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများအပြင် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ (Eco-school Program)ကိုလည်း နှစ်စဉ် စီစဉ် ဖွင့်လှစ်လျက်ရှိပါသည်။AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ Eco-school Program ၏ ပဉ္စအကြိမ်မြောက်အဖြစ် စီစဉ်ဆောင်ရွက်သည့် ‘သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး အသိပညာမျှဝေခြင်း’အစီအစဉ် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ မှော်ဘီမြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ(၁၉)ဉီး၊ဆရာမ(၇၇)ဦး၊စုစုပေါင်း(၉၆)ဦးမှ လေ့လာရေးလာရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ"ဒီရေ​​တောထိန်းသိမ်းရေးနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအသိပညာပေး​ဟော​ပြေပွဲအခမ်းအနားကို(၂၃-၉-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင်ကျင်းပဆောင်ရွက်ခဲ့ရာ​ကမ်းကြီးကျေးရွာအုပ်စု၊ကမ်းကြီး​ကျေးရွာတာဝန်ခံနှင့်ရပ်မိရပ်ဖများ၊ကမ်းကြီး​ကျေးရွာ​ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်​တောအသုံးပြုသူအဖွဲ့မှအဖွဲ့ဝင်များ၊ဆရာမနှင့်ကျောင်းသား/သူ ကျား(၄၈)ဦး၊ မ(၇၀)ဦး၊စုစုပေါင်း(၁၁၈)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ကျွန်စုမြို့နယ်၊ သစ် တောဦစီးဌာန၊မြို့နယ်ဦးစီးဌာနမှူး၊ဦးခင်စိုးမှဒီရတေောအဓိပ္ပါယ်၊ ဒီရေတောများပျံ့နှံ့စွာပေါက်ရောက်မှုအခြေအနေ၊ဒီရေတောများမှကမ်းရိုးတန်းနေပြည်သူများနှင့်ဂေဟစနစ်အပေါ်အကျိုးဖြစ်ထွန်းစေမှု၊ဒီရေတောများထိန်းသိမ်းခြင်းနှင့်ပြန်လည်တည်ထောင်ရာတွင်ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊ ICM အစီအစဥ်အရဆောင်ရွက်သည့်လုပ်ငန်းများ၊ တနင်္သါရီတိုင်းဒေသကြီးအတွင်း ဒီရေတောများ ပေါက်ရောက်မှုအခြေအနေတို့အား​ဟော​ပြော​ဆွေး​နွေးခြင်း​ဆောင်ရွက်ပြီး ​တောအုပ်ဦး​ဇော်ကိုလတ်မှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဓိပ္ပါယ်၊​လျောက်ထားလိုပါက ခွင့်ပြုရန်သတ်မှတ်ချက်များ၊စည်းကမ်းချက်များ၊တည်ထောင်ပါကအကျိုးကျေးဇူးများစသည့်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်​တော​ကြေးမုံစာ​စောင်များ အား​ကျောင်းစာကြည့်တိုက်သို့ လှူဒါန်းခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Pages