ရမ်ဆာရေဝပ်ဒေသများ

Forest Department

ရမ်ဆာရေဝပ်ဒေသများ

Ramsar wetland resources and reference material.

ရေငှက်များ၏ နေရင်းဒေသကဲ့သို့သော နိုင်ငံတကာအရေးပါသော ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း (ရမ်ဆာကွန်ဗင်းရှင်း) ကို ၁၉၇၁ ခုနှစ်၌ အီရန်နိုင်ငံ၊ ရမ်ဆာမြို့၌ စတင်အတည်ပြုဖွဲ့စည်းခဲ့ပါသည်။ ရေတိမ်ဒေသများကို အကျိုးရှိစွာအသုံးပြုနိုင်ရေး အတွက် ရည်ရွယ်၍ ကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားသည့်နိုင်ငံပေါင်း (၁၆၈) နိုင်ငံရှိပါသည်။ မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂ဝဝ၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် သတ်မှတ်ပြီး Ramsar sites (၅) ခုရှိပါသည်။ အဆိုပါ Ramsar sites (၅) ခုမှာ

  1. မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  2. အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  3. မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  4. မုတ္တမပင်လယ်ကွေ့
  5. အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော