နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၁၈.၅၄၀၆)တန်၊ သစ်မာ(၅၄.၃၃၄၀)တန်၊ အခြား(၅၂.၆၆၉၈)တန်၊ စုစုပေါင်း(၁၂၅.၅၄၄၄)တန်၊ ယာဉ်/ယန္တရား(၉)စီး၊ တရားခံ(၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၈-၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၀/၅)အနီးမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/နဘဲ/ ချဉ်ယုတ်/ ပိုးမဲဇာ သစ်လုံး/ခွဲသား စုစုပေါင်း(၇၂၂)ချောင်း(၇၀.၈၄၉၀)တန်၊ ယာဉ်(၅)စီး၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ဖြစ်ပါသည်။