၁၂-၁၀-၂၀၂၆ ရက်နေ့မှ ၁၈-၁၀-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၃၀.၄၃၈၆)တန်၊ သစ်မာ(၁၄.၈၈၆၂)တန်၊ အခြား(၂၇.၃၅၁၂)တန်၊ စုစုပေါင်း(၇၂.၆၇၆၀)တန်၊ ယာဉ်/ယန္တရား(၇)စီး၊တရားခံ(၂၇)ဦးဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၁၀-၂၀၂၆ ရက်နေ့တွင် ရှမ်း ပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ တောင်နီဘိနယ်၊ မိုင်းသော်ရှေ့ ကျေးရွာအုပ်စု၊ တောင်နီကျေးရွာ၏မြောက်ဘက် (၁.၅)မိုင်ခန့်အကွာနေရာမှ တရား မဝင် အင်ခွဲသားဆိုဒ်စုံ (၅၄၄)ချောင်း(၁၅.၁၀၁၀)တန်၊(၁၂)ဘီးယာဉ်(၁)စီး၊ တရားခံ(၁)ဦးဖမ်းဆီးရမိမှုဖြစ်ပါသည်။

Published Date