၁၂.၁၁.၂၀၂၆ရက်နေ့ (၁၃:၀၀)အချိန်တွင်ရှမ်းပြည်နယ်၊တောင်ကြီးခရိုင်၊ရွာငံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ပြဒါးလင်းခန်းမ၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် အယ်လ်နီညို သဘာဝဘေး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊သဘာဝဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာန ၊ မိခင်နှင့်ကလေးစောင့်ရှေက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ရွာငံမြို့)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၅၃၀) ဦး တက်ရောက်ခဲ့ကြပြီး ရွာငံမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်ဝေဖြိုး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ၊ ပန်းလောင်နှင့်ပြဒါးလင်းဂူတောရိုင်းတိစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုး၊ မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးတင်ဝင်း တို့မှ ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ပါရှိရေး ဆောင်ရွက်ထားရှိပါကြောင်းသတင်းရရှိသည်။



