၁၆-၁၁-၂၀၂၆ ရက်နေ့မှ ၂၂-၁၁-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရတရားမဝင် ကျွန်း (၁၂.၃၁၁၆)တန်၊ သစ်မာ (၃.၀၃၀၆)တန်၊ အခြား (၂၄.၃၅၀၀)တန်၊ စုစုပေါင်း (၃၉.၆၉၂၂)တန်၊ ယာဉ်/ယန္တရား (၆)စီး၊ တရားခံ (၉)ဦးဖမ်းဆီးရမိခဲ့ပါသည်။       ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၁၁-၂၀၂၆ ရက်နေ့တွင်  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (၆၉) လမ်းနှင့်(၁၂၀)လမ်းထောင့်ရှိ သီတာရုံဘုန်းကြီးကျောင်းဝင်းအတွင်းမှ တရားမဝင် ကျွန်း/ ပိတောက်/ ပျဉ်းကတိုး/ ထောက်ကြံ့ သစ်လုံး/ ခွဲခြမ်း/ ခွဲသား/ ပါကေး/လျှာထိုး စုစုပေါင်း (၄၉၆၅)လုံး/ခြမ်း/ချောင်း (၁၆.၅၆၄၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

 

Published Date