(၁၇-၁၁-၂၀၂၆ )ရက်နေ့၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၁၇-၁၁-၂၀၂၆ )ရက်နေ့၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ                               

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊  အုတ်ဖိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ( ၁၇.၁၁.၂၀၂၆ )ရက်နေ့ ၊နံနက်(၁၃:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာရှိ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ  ကျောင်းဆရာ၊ဆရာမ(၃)ဦး၊ကျောင်းသား(၃၀)ဦး၊  ကျောင်းသူ( ၃၈ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၅)ဦး၊စုစုပေါင်း ( ၇၆ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်   တောအုပ်ကြီးဦးအောင်ဇော်ထွန်းမှ  "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ" အကြောင်းအရာများတို့ကို အသိပညာပေး  ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date