ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ( ၁၇.၁၁.၂၀၂၆ )ရက်နေ့ ၊(၁၄:၃၀) နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ မုံရွာကြီးကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ ကျား (၃၅) ဦး မ(၄၀)ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၄)ဦး၊ နတ်တလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး စုစုပေါင်း ( ၈၁)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ဌေး မှ " မီးခိုးမြူငွေ့လျော့ချရေးနှင့် အယ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကြိုတင်ကာကွယ်ရေး " ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊တောအုပ်ကြီး ဦးသန့်ဇော်မှ "သစ်တောထိန်းသိမ်းရေးနှင့် တောမီးကာကွယ်ရေးဆိုင်ရာ" အကြောင်းအရာများကိုလည်းကောင်း၊ နတ်တလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ဝေဇင်မြင့် မှ " အယ်နီညို ဖြစ်စဉ်ကြောင့် ရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး "ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။