(၁၇-၁၁-၂၀၂၆)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှ"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်မှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ( ၁၇.၁၁.၂၀၂၆ )ရက်နေ့ ၊ နံနက် (၀၉:၄၅)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ ဂရံသာယာအေးကျေးရွာ အခြေခံပညာအထက်တန်း(တပ်တွင်း)ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးပါ ဆရာ၊ ဆရာမ(၁၈)ဦး၊ ကျောင်းသား(၁၃၄)ဦး၊ ကျောင်းသူ(၁၄၁)ဦးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း(၂)ဦး၊ စုစုပေါင်း(၂၉၆) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် တောအုပ်ကြီး ဦးအောင်သူမျိုးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောသယံဇာတများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအကြောင်းအရာတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။




