







၁၈-၁၁-၂၀၂၆ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ကျုံပျော်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် ရေကြည်မြို့နယ် ကြိမ်၊ ဝါးလက်မှုအချောထည် ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း၍ ရေကြည်မြို့၊ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်၌ (၁၄-၁၁-၂၀၂၆) ရက်နေ့မှ (၁၈-၁၁-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်သော *ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးအသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကြိမ်၊ ဝါးလက်မှုပစ္စည်းထုတ်ကုန် မွမ်းမံသင်တန်း* သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။အခမ်းအနားတွင် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန (ညွှန်ကြားရေးမှူးရုံး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ယင်းနောက် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်း၊ ပုသိမ်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းလှိုင်၊ ရေကြည်မြို့နယ် ကြိမ်၊ ဝါးလက်မှုအချောထည် ထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းသိန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချောတို့က သင်တန်းသူ/သား (၂၀) ဦးအား သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆရာ/မ (၄) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရေကြည်မြို့နယ် ကြိမ်၊ ဝါးလက်မှုအချောထည် ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းဆရာ/မများနှင့် သင်တန်းသူ/သား (၂၀) ဦး အပါအဝင် စုစုပေါင်း (၇၄) ဦး တက်ရောက်ခဲ့ပါကြောင်းတင်းရရှိသည်။