၁၉-၁၀-၂၀၂၆ ရက်နေ့မှ ၂၅-၁၀-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရတရားမဝင် ကျွန်း (၁၄.၇၅၇၀)တန်၊ သစ်မာ (၄.၀၂၀၀)တန်၊အခြား (၁၅.၆၁၆၆)တန်၊စုစုပေါင်း(၃၄.၃၉၃၆)တန်၊ ယာဉ်/ယန္တရား (၂)စီး၊ တရားခံ (၄)ဦးဖမ်းဆီးရမိခဲ့ပါသည်။           ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၁၀-၂၀၂၆ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဘိနယ်၊ ပဲနွယ်ကုန်းမြို့၊ သံပရာခုံလမ်းပိုင်း၊ တပင်ရွှေထီးရပ်ကွက်ရှိ သစ်စက်ဝင်းအတွင်းနှင့် တုန်ကုန်ချောင်း အနီးတစ်ဝိုက်တို့မှ တရားမဝင် ကျွန်း/တောင်သရက်ခွဲသား စုစုပေါင်း (၁၆၄)ချောင်း (၉.၈၅၄၈)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

Published Date