မုဒုံမြို့နယ်၊ကော့ပရံကျေးရွာ မူလွန်ကျောင်း၌ သစ်တောဦးစီးဌာနမှမီခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
(၁၉-၁၁-၂၀၂၆)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်၊ မုဒုံမြို့နယ်၊ကော့ပရံကျေးရွာ မူလွန်ကျောင်၌ သစ်တောဦးစီးဌာနမှ "မီခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်မကြီးနှင့် ဆရာ/ဆရာမများ (၇)ဦး၊ကျောင်းသား/သူများ(၇၅)ဦး၊ ကျား(၃၀)ဦး၊မ(၃၅)ဦး၊ ကျေးရွာသူကျောင်းသားမိဘ (၇) ဦး စုစုပေါင်း လူဦးရေ(၈၉)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့်အကြောင်းအရာများ၊ မီးခိုးမြူငွေ့ကြောင့်ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာလုပ်ငန်းစဉ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အရာများကို ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။