ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှအယ်လ်နီညိုဖြစ်စဉ်ကြောင့်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ရေသယံဇာတထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ 


နံနက်(၁၀:၀၀)နာရီအချိန်တွင် ယန်းလောအုပ်စု၊ဖိုင်ဝိန်းရွာ၊ဖိုင်ဝိန်းဘုန်းကြီးကျောင်းတွင် “အယ်လ်နီညိုဖြစ်စဉ်ကြောင့် သက်ရောက် လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ ရေချွေတာရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ” အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျိုင်းတုံမြို့နယ် ဦးစီးအရာရှိ ဦးစွမ်းထက်နိုင်မှ "သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေရန်နှင့် တောမီးလောင်ကျွမ်းမှုကို ကြိုတင်ကာကွယ်ခြင်းသည် သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ကို သာမက ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများနှင့် နောင်လာမည့် မျိုးဆက်သစ်များ၏ အနာဂတ်ဘဝများကိုပါ ကာကွယ်ပေးရာရောက်ကြောင်း ၊တောမီးအန္တရာယ်ကို ဝိုင်းဝန်းတားဆီးရန် သစ်တောသယံဇာတများကို တန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ၊ သန့်ရှင်း လတ်ဆတ်သော လေထုကို ရရှိစေရန်အတွက် မီးခိုးငွေ့နှင့် လေထုညစ်ညမ်းမှုဖြစ်စေသော အကြောင်းရင်းများကို လျှော့ချနိုင်ရေး ယနေ့မှစတင်ကာ တစ်ဦးချင်းစီ၏ တာဝန်သိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် " လည်းကောင်း ၊ ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်း က “လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းကာ ကွယ်ကြပါစို့” ခေါင်းစဉ်ဖြင့် PM2.5 အမှုန်အမွှားများ၏ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ၊ ကျိုင်းတုံမြို့တွင် BAM 1022 စက်ဖြင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အမှိုက်မီးမရှို့ရေး၊ ရွှေ့ပြောင်းတောင်ယာအစား လှေကားထစ် စိုက်ပျိုးရေး နှင့် သီးနှံအကြွင်းအကျန်များကို သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းဖြင့် မီးခိုးမြူငွေ့အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ကြရန်" အသီးသီးဟောပြောခဲ့ကြရာ ယန်းလောအုပ်စု အုပ်ချုပ်ရေးမှူးမှ ရှမ်းဘာသာဖြင့် ထပ်ဆင့်ပြန်ဆို ဆွေးနွေးပေးခဲ့ပြီး စုစုပေါင်း (၂၁၄) ဦး တက်ရောက်ခဲ့ပါကြောင်း