၂-၁၁-၂၀၂၆ ရက်နေ့မှ ၈-၁၁-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရတရားမဝင် ကျွန်း (၁၃.၆၄၂၄)တန်၊ သစ်မာ (၁၅.၄၄၀၅)တန်၊ အခြား (၂၆.၃၇၇၀)တန်၊ စုစုပေါင်း (၅၅.၄၅၉၉)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၁၆)ဦးဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၁-၂၀၂၆ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ပါချန်ကြိုးဝိုင်း၊ အကွက် အမှတ် (၁၈၃)၊ (၁၈၆)တို့အတွင်းမှ တရားမဝင် ကတွတ်/သမီးလောင်း ခွဲသား စုစုပေါင်း (၃၉)ချောင်း (၇.၀၂၂၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

Published Date