နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄.၃၅၈၂)တန်၊ သစ်မာ (၁၄.၅၃၅၄)တန်၊ အခြား (၆၉.၈၀၉၄)တန်၊ စုစုပေါင်း (၈၈.၇၀၃၀)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၃-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ထီးခမ်းဘိနယ်၊ ယမ်းတွင်းငါး ကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်-ပင်းတယသွားလမ်း၊ ကန်တော်ဆည်အနီးမှ တရား မဝင် အင်ခွဲသားဆိုဒ်စုံ (၃၁၂)လုံး (၁၅.၃၀၆၄)တန်၊ (၁၂)ဘီးယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိသည်။
Date: Wednesday, March 11, 2026