ကယားပြည်နယ်၊လွိုင်ကော်ခရိုင်၊လွိုင်ကော်မြို့နယ်၊သစ်တောဦးစီးဌာနမှ (၂၁-၁၁-၂၀၂၆)ရက်နေ့၊(၁၃:၀၀)နာရီအချိန်၌ လောဓမ္မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး၊
နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်း က" မီးခိုးမြူငွေ့၏ဆိုးကျိုးသက်ရောက်မှုများ၊တားဆီးကာကွယ်ရေးနည်းလမ်းများ၊ရေချွေတာရေးနှင့်ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ"ကိုလည်းကောင်း၊တောအုပ်ကြီးဦးမျိုးချစ်က "အယ်လ်နီညိုဖြစ်စဥ်ကြောင့်ဖြစ်ပေါ်နိုင်သော ရာသီဥတုအကျိုးသက်ရောက်မှုဆိုင်ရာသိကောင်းစရာများ"ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့်ဟောပြောပွဲသို့ ကျား(၂၀)ဦး၊မ(၃၅)ဦး၊စုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။
Published Date