


ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်သစ်တောဦးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုးမြူငွေ့လျော့ချရေးနှင့်အယ်နီညိုဖြစ်စဉ်တွင်လိုက်လျောညီထွေနေထိုင်ရေးအသိပညာပေးဟောပြောပွဲကို၊(၂၂-၁၁-၂၀၂၆)ရက်နေ့၊ လေးမျက်နှာမြို့နယ်၊ထိန် တောကြီးအုပ်စု၊ ထော်လာကျေးရွာအုပ်ချုပ် ရေးမှူးနေအိမ်တွင်အသိပညာ ပေးဟောပြောပွဲကျင်း ပရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖအပါအဝင်အမျိုးသား၁၃ ဦး၊အမျိုးသမီ၃၉ဦးေပါင်း၅၂-ဦးနှင့်သစ်တောဝန်ထမ်း ၃.ဦးစုစုပေါင်း ၅၅.ဦးတက်ရောက်ပါသည်။ဟောပြောပွဲကိုဦး အောင်ဝင်း၊တောအုပ်မှသစ်တောထိန်းသိမ်းရေးနှင့်သစ်တောဉပဒေအကြောင်းဟောပြောခြင်း၊ဉီးစီးအရာရှိမှသစ်တောထိန်းသိမ်းကာကွယ်ခြင်း၊ မီးကာကွယ်ခြင်း၊မီးခိုးမြူငွေ့လျော့ချခြင်းများနှင့်ပတ်သက်၍လယ်စပါးရိုးဖြတ်များမီးမရှို့ရေး၊အမှိုက်များမီးရှို့ခြင်းများလျော့ချရေး၊စည်းကမ်းမဲ့ဆေးလိပ်များမီးများဖြင့်စည်းကမ်းမဲ့မစွန့်ပစ်ရေး၊အယ်လ်နီညိုကြောင့်ရေပြတ်လပ်မှုများရှိနိုင်သဖြင့်ရေချွေတာသုံးစွဲရေး၊စိုက်ပျိုးရေများအခက်အခဲမရှိ အောင်ကြိုတင်ပြင်ဆင်နိုင် ရေးတို့ကိုအသိပညာပေးဟောပြောခဲ့ပြီးပြည်သူများသိလိုသည်များကိုပြန်လည်ဖြေကြား ခဲ့ပါကြောင်းသတင်းရရှိသည်။