(၂၂-၁၁-၂၀၂၆)ရက်နေ့ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ အယ်လ်နီညိုကြိုတင်ကာကွယ်ရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၂-၁၁-၂၀၂၆)ရက်နေ့ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ အယ်လ်နီညိုကြိုတင်ကာကွယ်ရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း

 

(၂၂-၁၁-၂၀၂၆)ရက်နေ့တွင် ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ငရုတ်ကောင်းဘိနယ်၊ရေကျော်ကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာ၊ သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ အယ်လ်နီညို ကြိုတင်ကာကွယ်ရေး ၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ ရေကျော်ကျေးရွာမှ ဒေသခံပြည်သူ  ကျား(၃၂)ဦး၊မ(၂၀)ဦး၊စုစုပေါင်း (၅၄)ဦးတက်ရောက်ခဲ့ပြီး ဘိနယ်တာဝန်ခံတောအုပ်-ဦးနေလင်းထွန်း က အယ်လ်နီညိုသက်ရောက်မှု ကြောင့် ဖြစ်ပေါ်လာသော အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းဖြင့် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထိခိုက်နိုင်မှုများအကြောင်း၊ သစ်တောသစ်ပင်များ၏ အရေးပါမှု၊ သစ်တောများ၏ ရာသီဥတုထိန်းညှိမှုနှင့် လူသားများအတွက် သစ်တောထိန်းသိမ်းရေးအရေးပါမှုအကြောင်း၊ရေသယံဇာတထိန်းသိမ်းရေးနည်းလမ်းများဖြစ်သည့် ရေချွေတာခြင်း၊ မိုးရေလှောင်ကန်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ရေဝေရေလဲနှင့် ရေထုညစ်ညမ်းမှု ကာကွယ်ခြင်းများအကြောင်း၊ တောမီးလောင်ရခြင်းနှင့် တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုများအကြောင်း၊တောမီးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊မီးခိုးမြူများကြောင့် ထိခိုက်ပျက်စီးမှုများအကြောင်း၊ကျန်းမာ‌ရေးထိခိုက်မှုများအကြောင်း၊ မီးခိုးမြူငွေ့လျှော့ချရေး နည်းလမ်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်တောထိန်းသိမ်းရေး၊တောမီး ကာကွယ်ရေးနှင့် အယ်နီညိုကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date