(၂၃-၁၁-၂၀၂၆)ရက်နေ့၊ ရှမ်းပြည်နယ်၊လွိင်လင်မြို့နယ်၊ ခိုလမ်မြို့၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ အယ်လ်နီညိုကြိုတင်ကာကွယ်ရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်၊လွိင်လင်မြို့နယ်၊ ခိုလမ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အယ်လ်နီညိုဖြစ်စဉ်အပေါ် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေး အသိပညာပေး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုလျော့နည်းစေရေးနှင့် အယ်လ်နီညိုဖြစ်စဉ်အပေါ်လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၃-၁၁-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခိုအွတ်ကျေးရွာအုပ်စု ဖာငတ်ကျေးရွာ မဟာရတနာဓမ္မာရုံ၌ ကျင်းပခဲ့ရာ

လွိုင်လင်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇာလင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊ အယ်လ်နီညိုဖြစ်စဉ်အပေါ်လိုက်လျောညီထွေ စွာနေထိုင်နိုင်ရေးနှင့် ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း၊ ခိုလမ်မြို့ မီးသတ်ဦးစီးဌာနမှ ဒု မီးသတ်ဦးစီးဌာနမှူး ဦးဇင်မင်းဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဖာငတ်ကျေးရွာမှကျေးရွာတာဝန်ခံနှင့် ပလောင်/ရှမ်းတိုင်းရင်းသားတိုင်းရင်းသူ စုစုပေါင်း ၉၆ ဦး ခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date