(၂၅-၁၁-၂၀၂၆)ရက်နေ့၊မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ကော့ဘိန်းကျေးရွာအလယ်တန်းကျောင်း၌"သစ်တောပြုစုထိန်းသိမ်း‌ရေး၊ တောမီးကာကွယ်ရေး နှင့် မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ဒီရေတောထိန်းသိမ်း‌ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

 (၂၅-၁၁-၂၀၂၆)ရက်နေ့၊မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ကော့ဘိန်းကျေးရွာအလယ်တန်းကျောင်း၌"သစ်တောပြုစုထိန်းသိမ်း‌ရေး၊ တောမီးကာကွယ်ရေး နှင့် မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ဒီရေတောထိန်းသိမ်း‌ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပ

 (၂၅-၁၁-၂၀၂၆)ရက်နေ့၊ (၁၀:၃၀) နာရီအချိန်၊ ကျိုက်ထိုမြို့နယ်၊ကော့ဘိန်းကျေးရွာ အလယ်တန်းကျောင်း၌ သစ်တောဦးစီးဌာနမှ "သစ်တောပြုစုထိန်းသိမ်း‌ရေး၊ တောမီးကာကွယ်ရေး နှင့် မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဒီရေတောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"တို့ ကျင်းပပြုလုပ်ရာ ဟော‌‌ပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများ၊ ကျောင်းသား/သူများ၊  မြို့နယ်ဝန်ထမ်းများအပါအဝင် ကျား(၃၇)ဦး မ(၅၄)ဦး စုစုပေါင်း (၉၁)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဇင်ကိုလတ်မှ သစ်တောများဖုံးလွှမ်းမှုနှင့်ပြုစုထိန်းသိမ်းခြင်းဆိုင်ရာအကြောင်းအရာများ၊ သစ်တောများ ပျက်ဆီးပြုန်းတီးမှု‌ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ တောမီးလောင်ကျွမ်းခြင်း‌‌ေကြာင့် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများမီးခိုးမြူငွေ့‌လျှော့ချရေးဆိုင်ရာလုပ်ငန်းစဉ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အရာများနှင့် ယခုနှစ်တွင် ဖြစ်ပေါ်နေသည့် အယ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်းနှင့် တောအုပ်ကြီး ဦးဟိန်းထက်မှ ဒီရေတောအမျိုးအစားများ၊ ဒီရေတောသစ်မျိုးများအကြောင်း၊ ဒီရေတောများ ပြုစုထိန်းသိမ်းခြင်းမှ ရရှိလာနိုင်သည့် အကျိုး‌ကျေးဇူးများ၊ ဒီရေတောများ ပျက်စီးပြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအ‌ကြောင်း စသဖြင့် ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်း

Published Date