(၂၆-၁၁-၂၀၂၆)ရက်နေ့၊မော်လမြိုင်မြို့နယ်၊အ.ထ.ကခွဲ စမ်းကြီးကျောင်း၌သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ရေချွေတာရေး၊ အယ်လ်နီညိုနှင့်ပြင်ဆင်ရမည့်အကြောင်းအရာများအားအသိပညာပေးဟောပြောပွဲကျင်းပ
(၂၆-၁၁-၂၀၂၆)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ အ.ထ.ကခွဲ စမ်းကြီး ကျောင်း၌ မော်လမြိုင်မြို့နယ် သစ်တောဦးစီးဌာနမှ "သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ရေချွေတာရေး၊ အယ်လ်နီညိုနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာများအသိပညာပေးဟောပြောပွဲ" ကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများ၊ ကျောင်းသား/သူများ၊ မော်လမြိုင်မြို့နယ်သစ် တောဦးစီးဌာန၊ ဝန်ထမ်းများအပါအဝင် ကျား(၆၀)ဦး မ(၈၀)ဦး စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်မှ သစ်တောများပြုစုထိန်းသိမ်းခြင်းဆိုင်ရာအကြောင်းအရာများ၊ တောမီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများမီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာလုပ်ငန်းစဉ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများအား လည်း ကောင်း၊ တောအုပ်ကြီး ဦးတင့်နိုင်ဇော်မှ ရေချွေတာရေးနှင့် အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိရမည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေး Video Clip ပြသခဲ့ပါကြောင်း သတင်းရရှိသည်။