(၂၆-၁၁-၂၀၂၆)ရက်နေ့၊မြောင်းမြခရိုင်၊ဖျာပုံမြို့နယ်တွင်သစ်တောပြုစုထိန်းသိမ်းရေး၊စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်လိုက်လျောညီထွေနေထိုင်နိုင်ရေး၊ရေချွေတာသုံးစွဲရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ " သစ်တောပြုစုထိန်းသိမ်းရေး၊ စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေး၊ရေချွေတာသုံးစွဲရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ( ၂၆-၁၁-၂၀၂၆ ) ရက်နေ့ ၊ နံနက်( ၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်၊
ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား(၁၄၀)ဦး၊ ကျောင်းသူ (၁၃၂)ဦး၊ ဆရာ၊ဆရာမ(၁၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၃ )ဦး၊ စုစုပေါင်း (၂၈၆ )ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တောအုပ်ကြီး ဦးပိုင်ဇင်ဦးမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ စူပါအယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုင်ရာများကြောင့်သောက်သုံးရေရှားပါးမှုနှင့် ရေချွေတာသုံးစွဲရေးတို့အားဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။