နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရတရားမဝင် ကျွန်း (၁.၉၃၇၀)တန်၊ သစ်မာ (၁.၅၀၈၈) တန်၊အခြား (၁၈.၀၇၃၄)တန်၊စုစုပေါင်း(၂၁.၅၁၉၂)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၅)ဦးဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၁၀-၂၀၂၆ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ရမုံနာလမ်းနှင့် အောင်သစ္စာလမ်းထောင့်မှ တရားမဝင် တောင် သရက်ခွဲသား (၈၅)ချောင်း (၆.၃၈၄၀)တန်၊ (၆)ဘီးယာဉ် (၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

