နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂.၂၉၈၈)တန်၊ သစ်မာ (၁၅.၁၂၇၀)တန်၊ အခြား (၉၀.၇၁၉၄)တန်၊ စုစုပေါင်း (၁၁၈.၁၄၅၂)တန်၊ ယာဉ်/ယန္တရား (5)စီး၊ တရားခံ (၁၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံဘိနယ်၊ ဝမ်းဘဲအင်းကျေးရွာရှိ ဦးစိုးကြည် (စက်သေး) စက်ဝန်းအတွင်းမှ တရားမဝင် သစ်ဖြူ/ တောင်သရက်/ လျှောပြာ/ ဘုမ္မဲဇာ/ ကျွဲဒညင်း ခွဲသား (၅၄၈)ချောင်း (၅၁.၂၈၂၂)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။
Date: Thursday, October 9, 2025