နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရတရားမဝင် ကျွန်း (၁၁.၀၀၀၄)တန်၊ သစ်မာ (၇.၇၈၉၂)တန်၊ အခြား (၁၁.၃၄၀၀)တန်၊ စုစုပေါင်း (၃၀.၁၂၉၆)တန်၊ ယာဉ်/ယန္တရား (၆)စီး၊ တရားခံ (၁၇)ဦးဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၁၁-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးဘိနယ်၊ မြစ်သား-နွားကူးကြီးသွားကားလမ်း၊ မြနဒီကျေးရွာ အရှေ့တောင်ဘက်(၁)မိုင်ခန့် အကွာနေရာမှ တရားမဝင် လက်ပံသစ်လုံး/လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၄၂)လုံး (၈.၁၃၀၀)တန်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။
Published Date