သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ ဖွင့်လှစ် ကျင်းပခြင်းအပြင် သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွား အထောက်အကူပြု သင်တန်းများနှင့် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများ ကို နှစ်စဉ် စီစဉ်ဖွင့်လှစ်လျက်ရှိပါသည်။
AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ ဒုတိယအကြိမ် စီစဉ်ဆောင်ရွက်သည့် ဒေသခံဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်၏ ‘ဈေးကွက်ဝင်စားသုံးမှို စိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်း’ရဲ့ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၀၉: ၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ ဗဟို သစ်တော လုပ်ငန်း လေ့ကျင့်ဖွံ့ဖြိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းနှင့် သင်တန်း ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသူ/သားများ စုစုပေါင်း(၃၆)ဦး တက် ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ AFoCO RETC သင်တန်းကျောင်း မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သင်တန်းအဖွင့်အမှာ စကားပြောကြား ခဲ့ပါသည်။
ဈေးကွက်ဝင်စားသုံးမှို စိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းကို (က) မှိုစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ ဝင်ငွေအခွင့်အလမ်း ဖန်တီးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုး တိုး တက်လာစေရန်၊ (ခ) စီးပွားဖြစ် ဈေးကွက်ဝင်စားသုံးမှို စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကို လက်တွေ့ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆရာ/ဆရာမများနှင့် စနစ်တကျ လက်တွေ့ပူးပေါင်းလေ့လာ သင်ယူခွင့်ရရှိစေရန်၊ (ဂ)မိသားစုစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင်မှ အစုအဖွဲ့ပိုင်စီးပွားရေးအဖြစ် ထုတ်လုပ် ရောင်းချလာနိုင်စေရန်၊ (ဃ)မှိုဈေးကွက်၏ လိုအပ်ချက် နှင့် ကွင်းဆက်များကို အသေးစိတ်သိရှိနားလည်စေပြီး၊ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်မှုဖြင့် မိသားစုအာဟာရကို ဖြည့်တင်းနိုင်မည့်အပြင် ပိုလျှံမှုများကို ပြင်ပသို့ ဖြန့်ဖြူးရောင်းချခြင်းဖြင့် အပိုဝင်ငွေများ တိုးပွားရရှိစေရန်၊ (င)ဒေသခံပြည်သူအစုအဖွဲ့ပိုင်မှိုစိုက်ပျိုးထုတ်လုပ်သည့် စီးပွား ရေးလုပ်ငန်းစုများအဖြစ် ရေရှည်ရပ်တည်နိုင်စေရေး ထောက်ပံ့ကူညီသွားရန် စသည့်ရည်ရွယ် ချက်များထားရှိကာ စီစဉ်ကျင်းပဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့ရှိ CF အသုံးပြုသူ ပြည်သူသင်တန်းသား(၁၆)ဦးနှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ မိန့်မှတ်ချက်အရ ဗဟိုသစ်တောလုပ်ငန်းလေ့ကျင့်ပညာပေး ရေးဌာန (မှော်ဘီ)မှ စိတ်ပါဝင်စားသူ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း (၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရ ပါသည်။ သင်တန်းဆရာများအဖြစ် စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာန၊ AFoCO RETC သင်တန်းကျောင်းတို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်(၅)ဦးဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ် ကျင်းပလျက်ရှိပါကြောင်းနှင့် ဘာသာရပ် ဆိုင်ရာ စာတွေ့သင်ခန်းစာများနှင့် ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးခြင်းအား လက်တွေ့ ဆောင် ရွက်ခြင်း၊ ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပ မြို့နယ်အတွင်းရှိ ဦးစိုးသီဟ ပုဂ္ဂလိကမှို စိုက်ပျိုးရေးခြံသို့ သွားရောက် လေ့လာခြင်းတို့အပြင် လှော်ကားဉယျာဉ်သို့သွားရောက် လည်ပတ်ခြင်းတို့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။



