AFoCO RETC သင်တန်းကျောင်း၌ ၂၀၂၆ ခုနှစ်၏ ဆဌမအကြိမ်မြောက် တိုးချဲ့ပညာပေးအစီအစဉ်ကျင်းပ

Published Date
Image
AFoCO RETC သင်တန်းကျောင်း၌ ၂၀၂၆ ခုနှစ်၏ ဆဌမအကြိမ်မြောက် တိုးချဲ့ပညာပေးအစီအစဉ် ကျင်းပဆောင်ရွက်ခြင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းများ၊ သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွား အထောက်အကူပြု သင်တန်းများ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် တင် သည့် သင်တန်းများအပြင် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ (Eco-school Program)ကိုလည်း နှစ်စဉ် စီစဉ် ဖွင့်လှစ်လျက်ရှိပါသည်။ AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ Eco-school Program ၏ ဆဌမ အကြိမ်မြောက်အဖြစ် စီစဉ်ဆောင်ရွက်သည့် ‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အသိပညာမျှဝေခြင်း’ အစီအစဉ် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ မှော်ဘီမြို့နယ်ရှိှ အခြေခံ ပညာကျောင်းများမှ ဆရာ(၉)ဉီး၊ဆရာမ(၈၁) ဉီး၊စုစုပေါင်း (၉၀) ဦး မှ လေ့လာရေး လာရောက် ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး အောက်ဖော်ပြပါ ရည်မှန်း ချက် (၁၇)ရပ်နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ပါသည်- ၁. ဆင်းရဲနွမ်းပါးမှု လျော့ချစေခြင်း၊ ၂. ငတ်မွတ်ခေါင်းပါးမှု လျော့ချစေခြင်း၊ ၃. ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်း၊ ၄. ပညာရေး အဆင့်အတန်းမြင့်မားစေခြင်း၊ ၅. ကျား/မ တန်းတူအခွင့်အရေး ရရှိစေခြင်း၊ ၆. သန့်ရှင်းသောသောက်ရေနှင့် ကျန်းမာစွာနေထိုင်နိုင်စေခြင်း၊ ၇. သန့်ရှင်းသော စွမ်းအင်ရရှိရေးနှင့် ထိ‌ရောက်တွင်ကျယ်စွာ အသုံးချခြင်း၊ ၈. အလုပ်အကိုင် အခွင့်အလမ်း ရရှိစေခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ၉. စက်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဆန်းသစ် တီထွင်မှု ဆောင်ကြဉ်းပေးခြင်း၊ ၁၀. မညီမျှမှုများကို လျော့နည်းစေခြင်း၊ ၁၁. ထာဝစဉ်ဖွံ့ဖြိုးတိုးတက်သော မြို့ပြများနှင့် လူမှုအသိုက်အဝန်းများ တည်ဆောက် ခြင်း၊ ၁၂. အစားအစာထုတ်လုပ်ခြင်းနှင့် သယံဇာတ အသုံးချမှု စီမံခန့်ခွဲခြင်း၊ ၁၃. ရာသီဉတု ပြောင်းလဲမှုဖြစ်စဉ်များ၏ ဆိုးကျိုးများကို တုံ့ပြန်နိုင်စေခြင်း၊ ၁၄. ရေနေသတ္တဝါများ ထိန်းသိမ်းကာကွယ်ခြင်း၊ ၁၅. ကုန်းမြေဒေသ ဂေဟစနစ်များနှင့် သက်ရှိသတ္တဝါများ ထိန်းသိမ်းကာကွယ်ခြင်း၊ ၁၆. ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အဖွဲ့အစည်းများ အားကောင်း ခိုင်မာစေခြင်း၊ ၁၇. ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁၇)ရပ် အောင်မြင်စေခြင်း၊ Eco-School အသိပညာမျှဝေခြင်း ခေါင်းစဉ်(၁၁)ချက်နှင့်အညီ အခြေခံပညာအဆင့် နား လည် လက်ခံနိုင်မည့် အကြောင်းအရာများ၊ ရုပ်ပုံကားချပ်များ၊ ဗီဒီယိုဖိုင်များ ထည့်သွင်း၍ အောက်ဖော်ပြပါ အကြောင်းအရာများအား ပညာပေးဟောပြော ဆွေးနွေးပါကြောင်း သတင်း ရရှိပါ သည်- ၁. သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ၂. စွမ်းအင်ချွေတာရေး ၃. နိုင်ငံသားကောင်းဖြစ်စေရေး ၄. စိတ်ချမ်းသာ၊ကိုယ်ကျန်းမာရေး ၅. အမိူက်စနစ်တကျစွန့်ပစ်ရေး ၆. စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး ၇. ကမ်ရိုးတန်းဒေသဂေဟစနစ်များ ထိန်းသိမ်းရေး ၈. သယ်ယူပို့ဆောင်ရေး ၉. ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ၁၀. ရေသယံဇာတစီမံခန့်ခွဲရေး ၁၁. ရာသီဥတုပြောင်းလဲမူနှင့် လိုက်လျောညီထွေရှိစွာ နေထိုင်နိုင်ရေး။ Eco-school အစီအစဉ်တွင် ဆရာ/ဆရာမများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်း၊ RETC သင်တန်းကျောင်းနှင့် လေ့လာရေး သစ်တော၊ FRIစခန်းအမှတ်(၉)ရှိ သစ်တောပျိုးဥယျာဉ်တို့အား လေ့လာခြင်း၊ အမှတ်တရ စုပေါင်း သစ်ပင်စိုက် ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။