အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကော်မတီ (National Biodiversity Conservation Committee-NBCC) ပထမအကြိမ်အစည်းအဝေးကို (၈-၃-၂၀၁၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြု လုပ်ရာ အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ နိုင်ငံအဆင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံ ချက်၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။