အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ဖွင့်ပွဲအခမ်းအနားကျင်းပ

အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ဖွင့်ပွဲအခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(MICC-2 )၌ ၂-၁၀-၂၀၁၈ ရက်နေ့၊ နံနက် ဝ၉:ဝဝ နာရီတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ ပြင်ပပညာရှင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သည့်မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် တောင်သူလယ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့် Moderators and Penalists မှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်အခမ်းအနားကို (၃.၁၀.၂၀၁၈)ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။