





..............................
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၃.၁၁.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ IBEC International Buddhist Education Centre ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေး နည်းလမ်းများ သစ်တောဦးစီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိသော MRRP လုပ်ငန်းများ နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ သစ်တောသစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများ၊ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ပုံမှန်ရာသီဥတု ပြောင်းလဲမှုများအပေါ် လိုက်လျောညီထွေသွားလာနေထိုင်ရေး အကြောင်း အရာများအား လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်ယမင်းအောင်မှ “မီးခိုးမြူငွေ့လျှော့ချရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသူ/ ကျောင်းသားများ မှ မေးမြန်းသည့် သိရှိလိုသည့်များ အပေါ် ပြန်လည်ရှင်း လင်းဖြေကြားခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ စာရေးကိရိယာများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ Grade-10၊ 11၊ 12 မှ ကျောင်းသား(၁၁၀)ဦး၊ ကျောင်းသူ(၁၂၈)ဦး၊ စုစုပေါင်း (၂၃၈) ဦး တက်ရောက် ခဲ့ပါကြောင်းသတင်းရရှိသည်။