ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် မိတ္ထီလာခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မိတ္ထီလာခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
နေပြည်တော်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် (၂၀-၁၀-၂၀၂၆)ရက်၊ အင်္ဂါနေ့တွင် ဝန်ကြီးဌာနအောက်ရှိ ဌာန/ လုပ်ငန်းများမှ တာဝန်ရှိသူများလိုက်ပါ၍ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမှာကြား သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် သာစည်မြို့နယ်၊ သစ်တောဦးစီးဌာန၏ ကျွန်းသစ်စေ့ ထုတ်ဧရိယာ(၂၁)ဧက၊ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သော စီးပွားရေး (ကျွန်း) စိုက်ခင်း (၁၁၀) ဧက နှင့် ၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးခဲ့သော စီးပွားရေး (ကျွန်း) စိုက်ခင်း (၁၁၉) ဧကတို့၏ ရှင်သန် အောင်မြင်မှု အခြေအနေများအား လည်းကောင်း၊ မိတ္ထီလာမြို့နယ်၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် မိုးရာသီ (စတုတ္ထအကြိမ်) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲ နှင့် ၂၀၂၅ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတို့မှစိုက်ပင်များ၏ ရှင်သန်ကြီးထွားမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မိတ္တီလာခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ အထူးအလေးထားဆောင်ရွက်ရန်နှင့် ပူပြင်းခြောက်သွေ့ရာသီတွင် တောမီးနှင့် အခြားမီးလောင် ကျွမ်းမှုကြောင့် ဖြစ်ပေါ်စေနိုင်သည့်ဒေသတွင်း Fire hotspot ဖြစ်ပေါ်မှုလျှော့ချရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြားသည်။ ထို့နောက် မိတ္ထီလာခရိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှူးရုံး၌ ဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အယ်နီညို လမ်းညွှန်ချက်များနှင့်အညီ သက်ရောက်မှုအနည်းဆုံး ဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် Fire hotspot ဖြစ်ပေါ်မှုများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုများနှင့်ပတ်သက်၍လည်း အသိပညာပေး ဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွား ကြရန်လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ၂၀၂၅ ခုနှစ်မိုးရာသီတွင် သစ်တောဦးစီးဌာနမှ တာဝန်ယူစိုက်ပျိုးထားသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (မိုင်တိုင်အမှတ် ၂၇၆/၄) ရှိ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည် ရေး စိုက်ခင်း (၅)ဧက ၊ (မိုင်တိုင်အမှတ် ၂၅၁/၃) တစ်အုပ်တစ်မ စိုက်ခင်း (၅) ဧက နှင့် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ယူစိုက်ပျိုးထားသော လမ်းဘေးဝဲယာ စိုက်ခင်း (၅၄၅) ပင်တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေများကို အသီးသီး လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပြီးလိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
