ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌဖြစ်သူအားလက်ခံတွေ့ဆုံ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်း ရှင်များအသင်း၏ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပုဂ္ဂလိကစိုက်ခင်းအသင်း- ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင် များအား ၁၆-၁၁-၂၀၂၆ ရက်နေ့၊ မွန်လွဲ (၁၅း၀၀)နာရီတွင်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ သစ်နှင့်သစ်တောထွက်ပစ္စည်း ထုတ်လုပ် ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ပြည်ပတင်ပို့ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူ လျင်မြန်စေရေး လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

​          တွေ့ဆုံဆွေးနွေးရာတွင် သစ်အခြေခံစက်မှုလုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ တစ်ဝက် တစ်ပျက် သစ်အချောထည်နှင့် သစ်အချောထည်ပစ္စည်းများ ပြည်တွင်း ထုတ်လုပ်မှု ပိုမိုတိုးတက် လာစေရေး၊ ထုတ်လုပ်ပြီးသစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ ယူကလစ်နှင့်မန်ဂျန်ရှား ပရိဘောဂ များ ပြည်တွင်းသယ်ယူပို့ဆောင်ရာတွင် လွယ်ကူလျင် မြန်ချောမွေ့စေရေးနှင့် ပြည်ပတင်ပို့မှု လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ မူဘောင် များနှင့်အညီ ပြည်ပတင်ပို့မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဖြေလျော့နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သစ်တောလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်စနစ်နှင့် အညီ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် သစ်တောဥပဒေ၊ ၂၀၁၈ ပြင်ဆင်ရေးဆွဲနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

Published Date