ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေး အသိပညာပေးဟောပြောပွဲ"ကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေး အသိပညာပေးဟောပြောပွဲ"ကျင်းပ  

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေး အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို (၂၁.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ ကွင်းမကြီးကျေးရွာ၊ ရေတွင်းချောင်းခရစ်ယာန်အသင်းတော်ကျောင်းနေရာတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကွင်းမကြီးကျေးရွာမှ ဒေသခံပြည်သူ ကျား(၃၀)ဦး၊ မ(၁၅)ဦး၊ ကျောင်းသား(၁၀)ဦး၊ ကျောင်းသူ(၁၁)ဦး၊ ဆရာ(၁)ဦး၊ ဆရာမ(၄)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၇၃)ဦး တက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် တောအုပ်ကြီး ဦးသိန်းစိုးမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊  သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ စူပါအယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုင်ရာများ‌ကြောင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေး၊ သောက်သုံးရေရှားပါးမှုနှင့် ရေချွေတာသုံးစွဲရေးတို့အား ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ခဲ့ပါ‌ကြောင်း သတင်းရရှိသည်။

Published Date