ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊(တွဲဘက်-ဒေးဒရဲမြို့နယ်)"သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ရေချွေတာရေးနှင့်အယ်လ်နီညိုရာသီဥတုအကြောင်း အသိပညာပေးဟောပြောပွဲ"ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊  ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန(တွဲဘက်-ဒေးဒရဲမြို့နယ်၊ အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ  " သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ရေချွေတာရေးနှင့်အယ်လ်ညိုရာသီဥတုအကြောင်း အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ဒေးဒရဲ​မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင်သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၂ )ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(၈၃)ဦး၊စုစုပေါင်း(၈၅)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ်ကြီး -ဦးဟန်ထွန်းချိုမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ စိုက်ပျိုးထားသော သစ်ပင်များအားရှင်သန်အောင်မြင်စေရန်သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ရေချွေတာရေး၊အယ်နီညိုရာသီဥတုအခြေအနေနှင့်သစ်တောဦးစီးဌာနမှ ဖြေလျှော့ထားသည့် ပုဂ္ဂလိကသစ်မာစိုက်ခင်းများမှ ထုတ်ယူသုံးစွဲရမည့် စည်းကမ်းအချက်အလက်များဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

 

Published Date