ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် *"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်လိုက်လျော ညီထွေနေထိုင်နိုင်ရေး အသိပညာပေးဟောပြောပွဲ"* ကျင်းပဆောင်ရွက်ပြီးစီးကြောင်း တင်ပြခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို (၁၅.၁၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ညောင်တုန်းမြို့နယ်၊ မယ်ဇလီအောက်စုကျေးရွာ၊ ရွှေဟင်္သာဣစ္ဆာသယ ဓမ္မသိဒ္ဓိ ရကျောင်း တိုက်နေရာတွင် ကျင်းပဆောင်ရွက်ခဲ့ရာ မယ်ဇလီအောက်စုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူ ကျား(၁၅)ဦး၊ မ(၁၈)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ် ဦးသက်ပိုင်စိုးမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊ တောမီးကာကွယ်ရေး၊မီးခိုးမြူငွေ့လျှော့ချရေး၊ စူပါအယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုင်ရာများကြောင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေး၊ သောက်သုံးရေရှားပါးမှုနှင့် ရေချွေတာသုံးစွဲရေးတို့အားဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

