ဂန့်ဂေါခရိုင်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းအား လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၁၂-၂-၂၀၁၉ ရက်နေ့၌ ဂန့်ဂေါမြို့နယ်အတွင်းမှ ပိတောက်ခွဲသား (၁၅၅)ချောင်း (၁၂.၃၂၁၄)တန်နှင့် ဆောမြို့နယ်အတွင်းမှ ပိတောက်ခွဲသား (၃၃)ချောင်း (၂.၆၀၇၂)တန်၊ စုစုပေါင်း ပိတောက်ခွဲသားဆိုဒ်စုံ (၁၈၈)ချောင်း (၁၄.၉၂၈၆)တန် ဖမ်းဆီးရမိခဲ့ပါသည်။
Date: Wednesday, February 13, 2019