ဟားခါးမြို့၌(၅-၁၁-၂၀၂၆)ရက်နေ့တွင်"သစ်တောထိန်း သိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးနှင့် အယ်လ်နီညိုရာသီဥတုဖြစ်စဥ်အကြောင်းသိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပ
(၅.၁၁.၂၀၂၆)ရက်နေ့၊(၁၁:၃၀) နာရီအချိန်တွင် အ.ထ.က(၁)၊ဟားခါးမြို့၌ "သစ်တောထိန်း သိမ်းရေး၊ ရေသယံဇာတထိန်း သိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးနှင့် အယ်လ်နီညိုရာသီဥတုဖြစ်စဥ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတက်ရောက်၍ အ ဖွင့် အမှာစကားပြောကြားပြီး ဟားခါးမြို့နယ်၊သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမှူးသက်ပိုင်မှ "ရာသီဥတုပြောင်းလဲဖောက်ပြန် နေသည့် ယနေ့ခေတ်အချိန်အခါတွင် သစ်တောသစ်ပင်များ၏ အရေးပါသည့်အခန်းကဏ္ဍအ ကြောင်းနှင့် ထိန်းသိမ်းကာကွယ် ရေးနည်းလမ်းများအကြောင်း ၊မီးခိုးမြူငွေ့ အန္တရာယ်နှင့် လျော့ချရေးနည်းလမ်းများအကြောင်း၊ အယ်လ်နီညို ရာသီဥတုဖြစ်စဥ်ကာလအတွင်း ချင်းတောင်တန်းရှိ ရေတွက် စိမ့်စမ်းများအပေါ် အကျိုးသက်ရောက်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ရန်အချက်များနှင့် အယ်လ်နီညို ရာသီဥတုဖြစ်စဥ်နှင့် လိုက် လျော ညီထွေနေထိုင်နိုင်ရေးတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ရာ ဟောပြောပွဲသို့ အ.ထ.က(၁)၊ဟားခါးမြို့မှ ကျောင်းသား (၁၅၂)ဦး၊ ကျောင်း သူ(၁၉၀)ဦး ကျောင်းအုပ် ဆရာကြီး အပါအဝင် ဆရာ/ဆရာမ (၈)ဦး၊ သစ်တောဝန်ထမ်း(၂)ဦး စုစု ပေါင်း (၃၅၂)ဦး တက်ရောက် ခဲ့ပါကြောင်းသတင်းရရှိသည်။


